ဆုံးပါးသွားတဲ့ မိခင်နဲ့ညီငယ်လေးရဲ့ ရုပ်အလောင်းကို နောက်ဆုံးအနမ်းခြွေခဲ့တဲ့ သာထက်ဉာဏ်ဇော်

MRTV 4 ရဲ့ သရုပ်ဆောင်မင်းသားချောလေးတစ်ဦးဖြစ်တဲ့ သာထက်ဉာဏ်ဇော်တစ်ယောက် ပြီးခဲ့တဲ့နှစ်က နေပြည်တော်ကနေ ရန်ကုန်ကိုပြန်တဲ့ ခရီးလမ်းမှာ ကားမတော် တဆဖြစ်ပြီး မိခင်ဖြစ်သူနဲ့ ညီဖြစ်သူကို ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။ 17.4.2018 မှာ ရန်ကုန်ကိုပြန်လာတဲ့ခရီးလမ်းလေးမှာ ခုလိုမတော်တဆဖြစ်ခဲ့ရပြီး သူကတော့ ဒဏ်ရာအနည်းငယ်သာရရှိခဲ့ပေမယ့် မိခင်နဲ့ ညီဖြစ်သူကတော့ ဆုံးပါးသွားခဲ့တာပဲဖြစ်ပတယ်။

ကိုယ်သိပ်ချစ်ရတဲ့မိသားစုဝင်တွေဆုံးရှုံးသွားတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ ရင်ထဲကခံစားချက်က ပြောမပြနိုင်လောက်အောင်ကို နာကျင်ရတာမို့ သာထက်ဉာဏ်ဇော်ကို ပရိသတ်တွေရော ခင်မင်ရင်းနှီးသူတွေကပါ ဝိုင်းဝန်းနှစ်သိမ့်ပေးခဲ့ပါတယ်။ မိခင်ဖြစ်သူနဲ့ ညီငယ်လေးကို သတိရတိုင်း အမြဲတမ်း စာလေးတွေရေးသားတတ်တဲ့သူဟာ ဒီတစ်ခေါက်မှာတော့ မိခင်ဖြစ်သူနဲ့ ညီငယ်လေးရဲ့ ရုပ်အလောင်းကို နောက်ဆုံးအနမ်းခြွေတဲ့ ပုံရိပ်လေးကို လူမှုကွန်ယက်မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။

ဒီလိုစိတ်မကောင်းစရာမြင်ကွင်းလေးကို သာထက်ဉာဏ်ဇော်တစ်ယောက် ” 17.4.2018 နေပြည်တော် ချစ်တယ် အရမ်းချစ်တယ်.. ” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်မှာတင်ထားတာပဲဖြစ်ပါတယ်။ ” သေသောသူကြာရင်မေ့ ” ဆိုတဲ့စကားက ရင်ထဲက နှစ်နှစ်ကာကာချစ်ရတဲ့သူတွေအတွက်တော့ မမှန်ကန်ခဲ့ပါဘူး ပရိသတ်ကြီးရေ။ သာထက်ရဲ့ အမေနဲ့ ညီငယ်လေးလည်း ကောင်းမွန်ရာ ဘုံဘဝတစ်ခုကိုရောက်ရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Photo – Thar Htet Nyan Zaw

Facebook Comments

admin

error: Content is protected !!