စင်္ကာပူနိုင်ငံကို အတူတူရောက်ရှိနေကြတဲ့ နိုင်းနိုင်း၊ ဒေါင်းနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ဗီဒီယိုဖိုင်လေး

လတ်တလော ပရိသတ်တွေကြားထဲ ရေပန်းစားနေတဲ့ “လိပ်ပြာစံအိမ်” The Only Mom ရုပ်ရှင်ဇာတ်ကားကြီးဟာ မြန်မာနိုင်ငံအနှံ့အပြားက ရုပ်ရှင်ရူံတွေမှာလဲ ပြသနေသလို စင်္ကာပူနိုင်ငံက ရုပ်ရှင်ရုံတွေမှာလဲ တစ်ပြိုင်နက်တည်း ရုံတင်ပြသနေတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က လိပ်ပြာစံအိမ် အဖွဲ့သားတွေက စင်္ကာပူနိုင်ငံသို့ သွားရောက်ပြီး ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပါတယ်။ မိုမိုလေး ပရိသတ်တွေအတွက် စင်္ကာပူနိုင်ငံသို့ ရောက်ရှိနေတဲ့ နိုင်းနိုင်း၊ ဝတ်မှုံရွှေရည်နဲ့ ဒေါင်းတို့ရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

စင်္ကာပူနိုင်ငံက ပရိသတ်တွေနဲ့ Meet & Greet ပွဲလေးမှာ တွေ့ရတဲ့ ဒေါင်းနဲ့ ကစ်ကစ်

လိပ်ပြာစံအိမ်ရုပ်ရှင်ဇာတ်ကားကြီးက စတင်ပြသတဲ့ရက်မှာပဲ ပရိသတ်တွေ ရုံပြည့်ရုံလျှံအားပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

ကစ်ကစ်တစ်ယောက် ဒေါင်းကို ဘာတွေသင်ပေးနေပါလိမ့်

လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားမှ အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ နိုင်းနိုင်း၊ ဒေါင်း နဲ့ ဝတ်မှုံရွှေရည်

စင်္ကာပူပရိသတ်တွေနဲ့ ဒီနေ့ထပ်တွေ့ဦးမှာတဲ့ 😍

ဒေါင်းနဲ့ ကစ်ကစ်ကတော့ တကယ်ကို လိုက်ဖက်လွန်းနေတာပဲနော်။

ဘယ်လိုတွေတောင် ကြည့်နေတာလဲ 😂😍

ပရိသတ်ကြီးလဲ စင်္ကာပူနိုင်ငံက ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံနေတဲ့ လိပ်ပြာစံအိမ် အဖွဲ့သားတွေရဲ့ ပုံရိပ်တွေကို ကြည့်ရှုရတာ နှစ်သက်သဘောကျမယ် ထင်ပါတယ်။ လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးက ပြသနေဆဲမို့လို့ မကြည့်ရသေးတဲ့ ပရိသတ်တွေ နောင်တမရလေအောင် သွားရောက်ကြည့်ရှုဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source : momolay

Facebook Comments

admin

error: Content is protected !!