မြေးချောလေးကို သီချင်းတွေဆိုပြလိုက် အနမ်းတွေပေးလိုက်နဲ့ ပျော်ရွှင်နေတဲ့ လွင်မိုးရဲ့ဗီဒီယိုဖိုင်

သရုပ်ဆောင် မင်းသားချောကြီး လွင်မိုးကတော့ အခုချိန်မှာ တည်ငြိမ်အေးချမ်းတဲ့ မိသားစုဘဝလေးနဲ့ ဘဝကို ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို အနည်းငယ်သာလုပ်ကိုင်တော့တဲ့ လွင်မိုးက သူချစ်ရတဲ့ ဇနီး၊သမီး၊မြေးလေးတို့နဲ့ နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ အခုဆိုရင် လွင်မိုးက သမီးကြီး ယွန်းဝတီလွင်မိုးရဲ့သားလေးဖြစ်တဲ့ သူရဲ့မြေးဦးလေးကြောင့် အရမ်းကို ပျော်ရွှင်နေရတာ ဖြစ်ပါတယ်။

လွင်မိုးရဲ့မြေးလေးဖြစ်တဲ့ Liam လေးကတော့ ဘိုးဘိုးလွင်မိုးနဲ့ ရုပ်ချင်းတစ်ထေရာတည်းတူတဲ့ ကလေးလေး ဖြစ်ပါတယ်။ ဒါကြောင့် လွင်မိုးကလည်း သူရဲ့မြေးလေးကို လက်ကမချနိုင်အောင် အချစ်တွေပိုနေရတာ ဖြစ်ပါတယ်။ မနေ့ညကတော့ လွင်မိုးက သူရဲ့မိသားစုလေးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ ညစာစားပွဲလေးကို ဆင်နွှဲခဲ့ပါတယ်။

မိသားစုတွေ စုံစုံလင်လင်လင်နဲ့ ကျင်းပတဲ့ ဒီပွဲလေးမှာတော့ လွင်မိုးက သီချင်းတွေတစ်ဝကြီး သီဆိုပြီး အရမ်းကို ပျော်ရွှင်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် ဘိုးဘိုးလွင်မိုးက ချစ်စရာကောင်းတဲ့ မြေးလေးကို သူကိုယ်တိုင်ချီပြီး အနမ်းတွေပေးကာ ကြည်နူးပျော်ရွှင်နေခဲ့ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အရမ်းကို ပျော်ရွှင်စရာကောင်းတဲ့ လွင်မိုးတို့မိသားစုလေးရဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:May Thu

Facebook Comments

admin

error: Content is protected !!