ရိုက်ကွင်းတဝိုက်က အမှိုက်တွေအပြင် လာရောက်ကြည့်သူတွေပစ်တဲ့ စီးကရက်တိုတွေကအစ ကောက်ပေးသွားခဲ့တဲ့ Line Walker ရိုက်ကွင်းအဖွဲ့

ဟောင်ကောင်မြို့က နာမည်ကျော် Line Walker 2 ကိုရိုက်ကူးဖို့အတွက် မြန်မာနိုင်ငံကိုရွေးချယ်ထားခဲ့တာဖြစ်ပြီးတော့ အတော်လေးလည်း အနုပညာရှင်တွေကြားထဲ ဂယက်ထခဲ့တာဖြစ်ပါတယ်။ နာမည်ကျော် Line Walker 2 ကိုရိုက်ကူးဖို့အတွက် ရန်ကုန်မြို့မှာ လမ်းအချို့ကို လမ်းပိတ်၊ လမ်းလွှဲတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ နာမည်ကျော် Line Walker 2 ကိုရိုက်ကူးဖို့ ရန်ကုန်မြို့၊ မြို့တော်ခန်းမအနားမှာ ပြင်ဆင်ပြီး လေ့ကျင့်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ လေ့ကျင့်မှုတွေပြုလုပ်ပြီးနောက်မှာတော့ ရိုက်ကွင်းအနီးတဝိုက်က အမှိုက်တွေကို ကောက်ခဲ့ပြီး လာရောက်ကြည့်ရှုသူတွေသောက်တဲ့ စီးကရက်တိုတွေကအစ လိုက်လံကောက်ပေးသွားခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံသားတိုင်း နမူနာယူထားသင့်တဲ့ သူတို့ရဲ့ပုံရိပ်အချို့ကိုဖော်ပြပေးလိုက်ပါတယ်။

Photos-Soe Myat Thu

Facebook Comments

admin

error: Content is protected !!