Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီးမှာ ဝင်ရောက်သရုပ်ဆောင်မယ့် အောင်မြင့်မြတ်နဲ့ လင်းအောင်ခေတ်

လတ်တလော နာမည်ကြီးနေတဲ့ Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီးက လိုအပ်တဲ့ ဇာတ်ဝင်ခန်းအချို့ကို မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီးက ဟောင်ကောင်အက်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ထိုဇာတ်ကားမှ ၂၅ မိနစ်စာလောက်အခန်းတွေကို ရန်ကုန်မြို့မှာ လာရောက်ရိုက်ကူးမှာ ဖြစ်ပါတယ်။

ပရိသတ်ကြီးချစ်တဲ့ မင်းသားချောတွေဖြစ်တဲ့ အောင်မြင့်မြတ်နဲ့ လင်းအောင်ခေတ်က မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးတဲ့ Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရပါတယ်။ Casting မှာ နာမည် ပါလာတာ သေချာပေမယ့် ဘယ်အခန်းမှာ ပါဝင်ရမလဲဆိုတာကိုတော့ တိတိကျကျမသိရသေးဘူးလို့ အောင်မြင့်မြတ်က ဆိုထားပါတယ်။

Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီးကို ဖေဖော်ဝါရီ ၁၆ ရက်နေ့ကတည်းက ရန်ကုန်မြို့ YMCA ခန်းမ၊ သာကေတ တိုင်းရင်းသာကျေးရွာနှင့် ရွှေတိဂုံဘုရား မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ Line Walker ရုပ်ရှင်ဇာတ်ကားကြီးက လူကုန်ကူးမှုတိုက်ဖျက်နှိမ်နင်းရေး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး မြန်မာပြည်မှာ လာရောက်ရိုက်ကူးစဉ် အစဉ်ပြေချောမွေ့စေရန် ပြည်သူများနဲ့ သက်ဆိုင်ရာဌာနတို့က ကူညီဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမှု မြင်ကွင်း

အောင်မြင့်မြတ်နဲ့ လင်းအောင်ခေတ်တို့ ပါဝင်ရမယ့် အခန်းတွေက ဖေဖော်ဝါရီ ၁၈ ၁၉ ၂၀ မှာ ရိုက်ကူးမှာ ဖြစ်ပါတယ်။ အခုလို နာမည်ကြီး ရုပ်ရှင်ဇာတ်ကားကြီးမှာ မြန်မာနိုင်ငံသား သရုပ်ဆောင်တွေအနေနဲ့ အခုလို နိုင်ငံခြားရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခွင့်ရတာ ဂုဏ်ယူစရာပဲနော်။ အောင်မြင့်မြတ်နဲ့ လင်းအောင်ခေတ်တို့ အနေနဲ့ Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီးမှာ ဘယ်လိုတွေ သရုပ်ဆောင်ဦးမလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးပါဦးနော်။

Source : momolay

Facebook Comments

admin

error: Content is protected !!