အသည်းယားလောက်အောင် ချစ်ဖို့ကောင်းသွားပြန်တဲ့ ခေးလေး ခင်ဝင့်ဝါရဲ့ ချစ်စရာ ဗီဒီယို

မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ ပရိသတ်တွေရဲ့ သည်းသည်းလှုပ်ချစ်မြတ်နိုးခြင်းခံရတဲ့ သူလေးပါ။ အလှမယ်လောကကနေပြီးတော့ အနုပညာလောကကို ဝင်ရောက်လာခဲ့တဲ့ ခင်ဝင့်ဝါကတော့ ရုပ်ရှင်ဇာတ်ကားတွေကို လက်ခံရိုက်ကူးနေရပြီဖြစ်ပါတယ်။ လက်ရှိမှာ ပွဲတွေကိုလည်းတက်ရောက်နေပြီးတော့ ပရိသတ်တွေကို အမြဲလိုလို သူမရဲ့ပွဲတက်ပုံလေးတွေနဲ့ အသည်းတယားယားဖြစ်စေခဲ့သူလေးပါ။

ဖြူစင်တဲ့အပြုံး၊ အပြစ်ကင်းတဲ့ မျက်နှာလေးကလည်း သူမကို ပရိသတ်ကြီးကပိုချစ်စေတဲ့ အမှတ်အသားလေးတစ်ခုအဖြစ်ရှိနေပါတယ်။ ချစ်စဖွယ်မျက်နှာပိုင်ရှင်လေး ခင်ဝင့်ဝါကိုတော့ ယောက်ကျားလေးတွေအပြင် မိန်းကလေးပရိသတ်တွေကပါ အားပေးအသိအမှတ်ပြုရသူလေးပါ။ အေးချမ်းတဲ့ မျက်နှာလေးကြောင့်လည်း ခေး လို့ ချစ်စနိုးနဲ့ ခေါ်ခံခဲ့ရတဲ့ ခင်ဝင့်ဝါကတော့ ယခုနောက်ပိုင်း သူမရဲ့ ချစ်စရာဗီဒီယိုလေးတွေကို တင်လေ့ရှိတာ တွေ့ရပါတယ်။

ယနေ့မှာလည်း အွန်လိုင်းပေါ်မှာ ခေတ်စားနေတဲ့ Tik Tok ဗီဒီယိုလေးတစ်ခုကို ဆော့ပြီး Sharing လုပ်ထားတာ တွေ့ရပါတယ်။ ဒီဗီဒီယိုလေးကိုတော့ သူမက “ပဲ များမယ်နော် ? မျက်စိနောက် တော် မူ” လို့ Caption တပ်ထားခဲ့ပြီး ချစ်စဖွယ်အမူအရာလေးတွေကို ပရိသတ်ကြီးက တွေ့မြင်နိုင်မှာပါ။ ခေးလေးရဲ့ပရိသတ်တွေအတွက် အသည်းယားလောက်အောင် ချစ်ဖို့ကောင်းတဲ့ ခေးလေးဗီဒီယိုလေးကိုဖော်ပြပေးလိုက်ပါတယ်။We Love Cele

video ကြည့်ရန်

Video Source-Khin Wint Wah

Facebook Comments

admin

error: Content is protected !!