ရွှေငွေတွေနဲ့ တန်ဖိုးဖြတ်လို့မရတဲ့ ချစ်သူရဲ့လက်ဆောင်လေးကြောင့် ကြည်နူးပျော်ရွှင်ခဲ့ရတဲ့ ဝိုင်းစုခိုင်သိန်း

အဆိုတော် အောင်လနဲ့ အဆိုတော်၊သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းတို့ချစ်သူနှစ်ဦးကတော့ အခပ်အခဲတွေကြားက တွဲလက်တွေခိုင်မြဲနေကြတဲ့ အနုပညာရှင်စုံတွဲလေး ဖြစ်ပါတယ် ။ ဝေဖန်တိုက်ခိုက်မှုတွေကို တွန်းလှန်ပြီး အနာဂတ်ခရီးအတွက် ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက်နေကြတဲ့ သူတို့စုံတွဲလေးကိုတော့ ပရိသတ်တွေက အားပေးချစ်ခင်ကြပါတယ်။ အခုဆိုရင် သူတို့ချစ်သူနှစ်ဦးက ဂီတလမ်းကြောင်းပေါ်မှာ အတူတူလျှောက်လှမ်းနေကြတာလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူတို့စုံတွဲလေးက ရှိုးပွဲတွေ သီဆိုနေရသလို သီချင်းသစ်တွေလည်း အတူတူ ဖန်တီးနေကြပါတယ်။ ပြီးခဲ့တဲ့ ချစ်သူများနေ့မှာတော့ သူတို့ချစ်သူနှစ်ဦးက ပျော်ရွှင်စရာ အမှတ်တရလေးတွေနဲ့ အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ကြပါတယ်။ အခုလည်း ဝိုင်းစုက ချစ်သူများနေ့အထိမ်းမှတ်အနေနဲ့ ချစ်သူဆီက ရရှိခဲ့တဲ့ လက်ဆောင်လေးကို ထုတ်ပြလိုက်ပါတယ်။

ဝိုင်းစုက ” အခုမှ လက်စသတ်ပြီးလို့ Valentine’s dayတုန်းက မတင်ဖြစ်လိုက်တဲ့ My အသည်းတုန်းရဲ့ လက်ဆောင်လေး I love you Ko ”ဆိုပြီး လက်ဆောင်လေးကို ထုတ်ပြထားတာ ဖြစ်ပါတယ်။ ဝိုင်းစုအတွက် အောင်လရဲ့လက်ဆောင်လေးကတော့ သူကိုယ်တိုင်အပင်ပန်းခံပြီး ပြင်ဆင်ပေးထားတဲ့ သူတို့ချစ်သူနှစ်ဦးရဲ့ ပုံတူပန်းချီလေးပဲ ဖြစ်ပါတယ်။ တန်ဖိုးကြီးတဲ့ပစ္စည်းတွေထက် အဖိုးတန်တဲ့ ချစ်သက်လက်ဆောင်လေးကြောင့် ဝိုင်းစုတစ်ယောက် အရမ်းကို ကျေနပ်ပျော်ရွှင်ခဲ့ရတာ ဖြစ်ပါတယ်။ အောင်လနဲ့ ဝိုင်းစုတို့စုံတွဲလေးရဲ့ Romantic ဆန်ပုံကတော့ တကယ်ပဲ ကြည်နူးစရာကောင်းလောက်ပါတယ်နော်။

Source: Wine Su;

Facebook Comments

admin

error: Content is protected !!