အသက် (၁၀၀) ကျော်ပြီဖြစ်တဲ့ အဘွားတစ်ဦးက သရုပ်ဆောင်နေတိုးကို သီချင်းဆိုပြ

နိုင်ငံကျော် သရုပ်ဆောင်အကယ်ဒမီ နေတိုး ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ စွယ်စုံရ မင်းသား နေတိုးက သရုပ်ဆောင်လောကမှာ နံပါတ် ၁ လို့ ပြောလို့ရပါတယ်။ ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ နေတိုးရဲ့ We love Nay Toe မဖွဲ့ရဲ့ 7 Year Anniversary အထိမ်းအမှတ်​အဖြစ်​ မြောက်​ဒဂုံ ဂီလာမဆည်းဆာရိပ်​ ဘိုးဘွားရိပ်​မှာ ထာဝရ​ဆေးပ​ဒေသာပင်​ အလှူ နှင့်​ ဘိုးဘွားများအတွက်​ လိုအပ်​​သော ပစ္စည်းအသုံး​ဆောင်​များကို လှူဒါန်းခဲ့တဲ့ ပုံရိပ်ကလေးတွေနဲ့ video File လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သရုပ်ဆောင် အကယ်ဒမီ နေတိုးရဲ့ we love တွေက” မြောက်​ဒဂုံ ဂီလာနဆည်းဆာရိပ်​ ဘိုးဘွားရိပ်​မှာ We love Nay Toe မဖွဲ့ရဲ့ 7 Year Anniversary အထိမ်းအမှတ်​အဖြစ်​ ထာဝရ​ဆေးပ​ဒေသာပင်​ အလှူ နှင့်​ ဘိုးဘွားများအတွက်​ လိုအပ်​​သော ပစ္စည်းအသုံး​ဆောင်​များကို လှူဒါန်းခဲ့ပါတယ်​…🙏” ဆိုပြီး နေတိုးရဲ့ Page မှာဖော်ပြထားပါတယ်။

ဘိုးဘွားရိပ်သာမှ အဖိုးအဖွားများကို ကြင်ကြင်နာနာ နှုတ်ဆက်စကားပြောရင်း ဝမ်းသာပီတီဖြစ်နေတဲ့ နေတိုးရဲ့ မျက်နှာလေးကို video file လေးများမှာ မြင်ရမှာပဲဖြစ်ပါတယ်။

ဘိုးဘွားရိပ်သာ မှာ အသက်၁၀၀ကျော် အဖွား တစ်ဦးကလည်း နေတိုးကို ဗိုလ်ချုပ် သီချင်းကိုဆိုပြခဲ့တဲ့ video လေးကိုပါပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

သရုပ်ဆောင် နေတိုး နဲ့ သူ့ရဲ့ we love အဖွဲ့သားတွေရဲ့အလှူပုံရိပ်ကလေးတွေကို ပရိသတ်တွေ ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

We love Nay Toe မဖွဲ့ရဲ့ 7 Year Anniversary အထိမ်းအမှတ်

အသက်၁၀၀ကျော် အဖွား တစ်ဦးကလည်း နေတိုးကို ဗိုလ်ချုပ် သီချင်းကိုဆိုပြခဲ့တဲ့ video လေး

သူ့မြေးလေး အထင် နဲ့ အရုပ်ကလေးကို ချစ်နေတဲ့ အဖွား

သရုပ်ဆောင် နေတိုး နဲ့ သူ့ရဲ့ we love အဖွဲ့သားတွေရဲ့အလှူပုံရိပ်ကလေးတွေနဲ့ video လေးတွေကို ပရိသတ်တွေ သဘောကျကြမှာပါ။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်၊၊

Credit-Momolay

Facebook Comments

admin

error: Content is protected !!