ဖူးစုံအပျိုကြီးဖြစ်ရတဲ့အကြောင်းရင်းကို ဖော်ကောင်လုပ်လိုက်တဲ့ သက်မွန်မြင့်

သရုပ်ဆောင်မင်းသမီးချောလေး ဖူးစုံ ဟာအနုပညာလုပ်ငန်းတွေကို အချိန်အတော်ကြာလုပ်ဆောင်ခဲ့ပြီး ပရိသတ် အားပေးမှုကို ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အခုနောက်ပိုင်း တွေမှာတော့ သူမကို အရင်ကလို ရုပ်ရှင်ကားတွေမှာ အများအပြားမတွေ့ရတော့ပေမယ့် MRTV-4 ကထုတ်လွှင့်တဲ့ ဇာတ်လမ်းတွဲတွေမှာတော့ ပါဝင်သရုပ်ဆောင်နေတာတွေ့မြင်ရပါတယ် .။

ဖူးစုံကတော့ အိမ်ထောင်မပြုသေးပဲ တစ်ကိုယ် တည်းအပျိုကြီးအဖြစ်နဲ့ ဘဝကိုအေးအေး လူလူဖြတ်သန်း နေတာပဲဖြစ်ပါတယ်။

ဖူးစုံကတော့ အိမ်ထောင်ပြုဖို့အတွက်က စိတ်ကြိုက်ရွေးချယ်ဖို့အချိန်တောင် ကျော်နေပါပြီလို့ ဆိုပါတယ် ။ ဒါပေမယ့် သက်မွန်မြင့်ကတော့ ဖူးစုံကို အိမ်ထောင်မပြုစေချင်ပါဘူးတဲ့ ။ လွတ်လွတ်လပ်လပ် ကိုယ့်စိတ်ရှိတဲ့အတိုင်း နေထိုင်သွားလာနိုင်တာ ပိုလွတ်လပ်တဲ့အတွက် သူမလို ကလေးကိစ္စ ခင်ပွန်းကိစ္စတွေ ခေါင်းစားစရာမလိုအောင် အိမ်ထောင်မပြုပါနဲ့လို့ ဖူးစုံကိုပြောခဲ့ပါတယ် ။

ဖူးစုံကလည်း ပွဲတွေတက်ရင်သာ မြန်မာဝတ်စုံလေးတွေ ၀တ်တတ်ပေမယ့် ခရီးထွက်ရင်တော့ ယောက်ျားပုံစံတိုင်းဝတ်တတ်စားတတ်ပြီး မိန်းမ ဆန်တဲ့ထဲမှာ သိပ်မပါလို့ ယောက်ျားယူမှာမဟုတ်ပဲ မိန်းမယူမှာလို့ သက်မွန်က ဖော်ကောင်လုပ်ရင်း စနောက်ခဲ့တာဖြစ်ပါတယ် ။

Facebook Comments

admin

error: Content is protected !!