နှစ်အတော်ကြာ ခင်မင်ရင်းနှီးခဲ့တဲ့ သူငယ်ချင်း စိုးမြတ်သူဇာရဲ့အကြောင်း ပြောပြလာတဲ့ ထက်ထက်မိုးဦး

ထိပ်တန်းရုပ်ရှင်သရုပ်ဆောင်နှစ်ဦးဖြစ်ကြတဲ့ အကယ်ဒမီ စိုးမြတ်သူဇာနဲ့ အကယ်ဒမီ ထက်ထက်မိုးဦးတို့ကတော့ အရမ်းကို ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းနှစ်ယောက် ဖြစ်ကြပါတယ်။ အနုပညာလောကမှာ ဆယ်စုနှစ်အတော်ကြာ အောင်မြင်စွာ ရပ်တည်လာခဲ့တဲ့ သူမတို့နှစ်ယောက်ရဲ့ သူငယ်ချင်းသက်တမ်းကလည်း နှစ်ပေါင်း (၂၈) နှစ်ကျော်အထိ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ထက်ထက်က မကြီးစိုးရဲ့အကြောင်းကို သူမ သိသလောက် ပြောပြခဲ့ပါတယ်။

ထက်ထက်က ” ချစ်တုံး သူငယ်ချင်းမလေးဂျီးစိုး အရင်တုန်းကရင်း ပေါင်းလာတာနှစ်ပေါင်း နှစ်ဆယ့်ခွန် နှစ်ဆယ့်ရှစ် ရှိပြီ “ဂျီးစိုး” နဲ့က စကားလည်း ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်။ “ဂျီးစိုး” က အရမ်းတော်တဲ့ မိန်းမတစ်ယောက် သူ့မိသားစုကိုရော သူ့ဘဝကိုပါ ခုလိုမျိုး အကောင်းဆုံးဖြစ်အောင် ဘယ်လောက်ပဲ တိုက်ခိုက် တိုက်ခိုက် သူ့ကို ဘယ်သူတွေက ဘယ်လိုပဲပြောပြော သူ့အလုပ်ကိုသူ အကောင်းဆုံးလုပ်နေတာပဲ ဒီနေ့လက်ရှိအထိ “ဂျီးစိုး” ကို ရဲရင့် တက်ကြွ အရာရာ ဦးဆောင်နိုင်တဲ့ မိန်းမတစ်ယောက်လို့ပဲ မြင်တယ်” လို့ဆိုပြီး မကြီးစိုးအပေါ် သူမရဲ့အမြင်တွေကို ထုတ်ပြောပြထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ထက်ထက်က မကြီးစိုးနဲ့ တစ်ချိန်က အမှတ်တရပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးခဲ့ပါတယ်။ အောင်မြင်မှုသရဖူတွေဆောင်းခဲ့တဲ့ ထက်ထက်နဲ့ မကြီးစိုးရဲ့ ငယ်ဘဝပုံရိပ်လေးတွေကလည်း ကြည့်လို့မဝနိုင်အောင် ချစ်ဖို့ကောင်းနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ထက်ထက်ကိုယ်တိုင် ချီးကျူးပြောပြခဲ့တဲ့ မကြီးစိုးရဲ့အကြောင်းနဲ့ အမှတ်တရပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Hmone Shwe Yi;

Facebook Comments

admin

error: Content is protected !!