မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ အကယ်ဒမီ ရွှေကြိုများအား အကြိုလေ့ကျင့်ပေးနေတဲ့ ပုံရိပ်များ

ယခုနှစ်မှာ ကြီးကျယ်ခမ်းနားတဲ့ အပြင်အဆင်တွေနဲ့ တစ်မူထူးခြားစွာ ကျင်းပပြုလုပ်တော့မယ့် အကယ်ဒမီဆုချီးမြှင့်ပွဲကြီးကတော့ တဖြည်းဖြည်းနဲ့ နီးကပ်လာပြီ ဖြစ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ အကယ်ဒမီရင်ခုန်သံတွေနဲ့ အကယ်ဒမီပွဲတက်ဖက်ရှင်တွေကို တစ်ဝကြီး ရှုစားမြင်တွေ့ရမယ့် ထူးချွန်ဆုပေးပွဲကြီးမှာတော့ ရွှေကြိုလေးတွေကလည်း အဓိကနေရာမှာ ပါဝင်တာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ အနုပညာရှင်တွေရဲ့ မျိုးဆက်သစ်လေးတွေက ရွှေကြိုအဖြစ် ပါဝင်ကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ရွှေကြိုလေးတွေကို ရွေးချယ်မိတ်ဆက်ခဲ့ပြီး အခုဆိုရင် အကယ်ဒမီပေးပွဲကြီးအတွက် ရွှေကြိုလေးတွေကို ရန်အောင်နဲ့မေသန်းနုတို့က ဦးဆောင်ပြီး သင်ကြားပြသပေးနေပြီ ဖြစ်ပါတယ်။ ရန်အောင်ကိုယ်တိုင် လေ့ကျင့်သင်ကြားမှုတွေ ပြုလုပ်ပေးနေတဲ့ မျိုးဆက်သစ်ရွှေကြိုလေးတွေက မကြာခင် အကယ်ဒမီစင်မြင့်ထက်မှာ မြင်တွေ့ရတောမှာဖြစ်ပြီး ပရိသတ်တွေကလည်း အထူးစိတ်ဝင်စားမှုနေကြတာ ဖြစ်ပါတယ်။

မကြာမီ ကျင်းပတော့မည့် (၂၀၁၉) မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားမှာ ရွှေကြို အဖြစ် ပါဝင်ကြမယ့် ရွှေကြိုမောင်၊ မယ်များကို သရုပ်ဆောင် ရန်အောင် နှင့် မေသန်းနု တို့က ဒီကနေ့ မတ်လ (၆) ရက်နေ့၊ ရန်ကုန်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ အကြိုလေ့ကျင့်ပေးခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် မျိုးဆက်သစ် ရွှေကြိုလေးတွေရဲ့ အစမ်းလေ့ကျင့်နေတဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

Photo Source : myanmar celebrity

Facebook Comments

admin

error: Content is protected !!