စာစစ်ခန်းအတွင်းမူးလဲခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသူလေးမဇင်မာကျော်

ဒီကနေ့ တက္ကသိုလ်ဝင်စာမေးပွဲ ပထမဆုံးဖြေဆိုရက်မှာ ပြည်တွင်း ကျောင်းသား၊ ကျောင်းသူများစွာ သွားရောက်ဖြေဆိုခဲ့ကြပြီး အကောင်းဆုံးနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြေဆိုနိုင်ခဲ့ကြကြောင်းသိရပါတယ်။ အဆိုပါ စာမေးပွဲဖြေဆိုမှုတွေထဲမှာ အဆင်ပြေပြေဖြေဆိုနိုင်ခဲ့ကြသူတွေရှိသလို အခတ်အခဲအချို့နဲ့ ရင်ဆိုင်ခဲ့ရသူတွေလည်း ရှိခဲ့ကြောင်း ယာဉ်ကြောထိန်းသိမ်းရေးအဖွဲ့မှ သိရပါတယ်။ အဆိုပါ စာမေးပွဲဖြေရာနေရာတိုင်းမှာလည်း ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ကြောထိန်းသိမ်းရေးအဖွဲ့များနှင့် ကျန်းမာရေးအဖွဲ့များစွာကို ထားရှိခဲ့ကြောင်း သိရပါတယ်။

ပထမဦးဆုံးနေ့ မြန်မာစာဖြေဆိုမှုမှာပဲ ကျောင်းခန်းတွင်း သတိလစ်မေ့မှုတွေဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဖြစ်စဉ်ကတော့ အုတ်တွင်းမြို့ အထက စာစစ်ဌာနမှ ကျောင်းသူတစ်ဦးလည်း ပါဝင်ခဲ့ပြီး စာဖြေဆိုနေချိန်အတွင်း မှုးလဲသွားခဲ့တာဖြစ်ကြောင်း ကနဦးသတင်းများအရ သိရပါတယ်။ အဆိုပါ အုတ်တွင်းမြို့စာမေးပွဲအခန်းထဲမှာ မူးလဲကျခဲ့တဲ့ ကျောင်းသူလေးကတော့ မဇင်မာကျော်ဖြစ်ပြီး အခြားအခြားသော စာစစ်ဌာနအချို့မှာလည်း အဆိုပါ ဖြစ်ရပ်မျိုးတွေဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ မူးလဲသူ ကျောင်းသူ မဇင်မာကျော်ကို အသင့်စောင့်ဆိုင်းပေးထားသော လူနာတင်ယာဉ်ဖြင့် အုတ်တွင်း ဆေးရုံသို့ အရေးပေါ်အချိန်မှီပို့ဆောင်ပေးခဲ့ရကြောင်း လူမှုကူညီရေးအဖွဲ့မှ သိရပါတယ်။ တစ်နှစ်တာကြိုးစားမှုတွေကို ပထမဆုံးဖြေဆိုမှုရက်မှာလည်း လဲပြိုကျခဲ့ရတဲ့ အဆိုပါ ကျောင်းသူလေးရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS – TARTAY

Facebook Comments

admin

error: Content is protected !!