အကယ်ဒမီဆုအတွက် ရင်ခုန်ပြီး သီချင်းတွေလိုက်ဆိုနေကြတဲ့ အေးသောင်းနဲ့အေးမြတ်သူတို့ရဲ့ ဗီဒီယိုလေးကို တင်လိုက်တဲ့ ချီချီ

Beauty Blogger အလုပ်တွေကနေမိန်းကလေးပရိသတ်တွေရဲ့တစ်ခဲနက်အားပေးခြင်းကိုခံရပြီးအောင်မြင်နေတာကတော့နေခြည်ဦးပဲဖြစ်ပါတယ်။အလှအပရေးရာတွေကိုဝေမျှရုံသာမကသူကိုယ်တိုင်လည်းလှပနေအောင်နေတက်တဲ့သူတစ်ဦးဖြစ်ပါတယ်။သူမကတော့blogger အလုပ်တွေလုပ်ရင်းနဲ့ သရုပ်ဆောင်အနုပညာအလုပ်တွေကိုလည်းလုပ်ကိုင်နေတာဖြစ်ပါတယ်။

မနေ့ကတော့ အကယ်ဒမီပွဲကြီးကို ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ပြီး ဆုတွေလဲ ချီးမြင့်ခဲ့ပါတယ်။ ထူးခြားတဲ့ ဖက်ရှင်လေးနဲ့ အကယ်ဒမီပေးပွဲကြီးကို ချီချီလေးလဲ တတ်ရောက်ခဲ့ပါတယ်။ အနုပညာရှင်ပေါင်းများစွာက ဖက်ရှင်အမျိုးမျိုးနဲ့ အကယ်ဒမီပွဲကြီးကို တတ်ရောက်ခဲ့ပါတယ်။

အကယ်ဒမီဆုအတွက် ရင်ခုန်နေကြတဲ့ အေးသောင်းနဲ့ အေးမြတ်သူတို့ရဲ့ စိတ်လှုပ်ရှားပြီး သီချင်းတူတူဆိုနေတဲ့ ဗီဒီယိုလေးကိုနေခြည်ဦးတစ်ယောက် အမိအရလေးရိုက်ကူးထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် သီချင်းတွေလိုက်ဆိုနေကြတဲ့ အေးသောင်းနဲ့ အေးမြတ်သူတို့ရဲ့ ဗီဒီယိုလေးကိုအောက်မှာ ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုကိုအောက်မှာ ကြည့်နိုင်ပါတယ်နော်။

Video ကြည်ရန်

source: Nay Chi Oo

Facebook Comments

admin

error: Content is protected !!