အရမ်းလန်းတဲ့ တက်တူးအသစ်ကြီးကို ခါးကနေ တင်ပါးထိ ထိုးလိုက်တဲ့ သင်ဇာဝင့်ကျော်

နိုင်ငံကျော်မင်းသမီး သင်ဇာဝင့်ကျော်က မိမိကိုယ်ကို ယုံကြည်မှုအပြည့်အဝရှိပြီး ဆွဲ​ဆောင်​မှုရှိလွန်းတဲ့ မင်းသမီးချောတစ်ဦးပါ။ သင်​ဇာဝင့်​​ကျော်​က အမြဲလိုလို တက်ကြွလန်းဆန်းနေသူတစ်ဦးဖြစ်ပြီး လူတကာငေးရလောက်တဲ့ အလှပိုင်ရှင်လေးလို့ဆိုလဲ မမှားပါဘူး။ လှပလွန်းတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့ သင်ဇာဝင့်ကျော်က အများနဲ့မတူတဲ့ ဖက်ရှင်တွေကိုလဲ ဝတ်ဆင်တတ်တာကြောင့် ပရိသတ်တွေက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

မင်းသမီးချောလေး သင်ဇာဝင့်ကျော်က ဒီနေ့မှာတော့ အရမ်းလန်းတဲ့ နှင်းဆီပန်းပုံ တတ်တူးအသစ်ကြီးကို ထိုးလိုက်ပြန်ပါပြီ။

သင်ဇာဝင့်ကျော်ရဲ့ တက်တူးအသစ်က သူမရဲ့ ခါးကနေ တင်ပါးထိရှိပြီး အရောင်အသွေး စုံစုံလင်လင်နဲ့ တော်တော်လေး လှတာကို တွေ့ရပါတယ်။

သင်ဇာဝင်ကျော့်က မန္တလေးက တက်တူးဆရာ တွတ်ပီဆီမှာ သူမရဲ့ တက်တူးအသစ်ကို ထိုးခဲ့တာပဲ ဖြစ်ပါတယ်။

တက်တူးထိုးရတာကို ကြိုက်နှစ်သက်တဲ့ သင်ဇာဝင့်ကျော်ကတော့ သူမဘဝအတွက် သေရာပါမယ့် တတ်တူးအသစ်တစ်ခုကို ထပ်ထိုးလိုက်ပြီ ဖြစ်ပါတယ်။ ပရိသတ်တွေလဲ သင်ဇာဝင့်ကျော်ရဲ့ တက်ကူးအသစ်က မိုက်ရဲ့လားဆိုတာ ပြောပြခဲ့ဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source : momolay

Facebook Comments

admin

error: Content is protected !!