SMS Voting စနစ်နဲ့ ပတ်သက်ပြီး ဟီးရိုးထလုပ်တယ် လို့ ဦးမြတ်ခိုင် ပြောတဲ့အပေါ် ဇဏ်ခီရဲ့ တုန့်ပြန်မှု

အရည်အသွေးမြင့် ရုပ်ရှင်ဇာတ်ကား ၂ကားနဲ့ မြန်မာပရိသတ်တွေ ရဲ့ တစ်ခဲနက်အားပေးခြင်း ခံခဲ့ရတဲ့သရုပ်ဆောင် ဇဏ်ခီ နဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ ဇနီးမောင်နှံ တို့ဟာ ဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တွေပါ။ သူတို့ရဲ့ ရုပ်ရှင်ဇာတ်ကား ၂ ကားဖြစ်တဲ့ ဥပါယ်တံမျဉ် ရုပ်ရှင် ဇာတ်ကား နဲ့ မုဒြာခေါ်သံ ရုပ်ရှင် ဇာတ်ကားတွေက ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးခဲ့တာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း Star Award ဒါရိုက်တာ ဆုကို ဒါရိုက်တာ ခရစ္စတီးနားခီ က ဆွတ်ခူးရရှိထားတာပါ။ဒီတစ်ခါမှာတော့ ပရိသတ်တွေအတွက် Star Awards ဆုရွေးချယ်ရေး အဖွဲ့ဝင်၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးမြတ်ခိုင် ရဲ့ “ဟီးရိုး ထလုပ်တယ်” ဆိုတဲ့စကားကို သရုပ်ဆောင် ဇဏ်ခီ ကပြန်လည်တုန့်ပြန်ထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ပရိသတ်တွေ ရဲ့ တစ်ခဲနက်အားပေးခြင်း ခံခဲ့ရတဲ့သရုပ်ဆောင် ဇဏ်ခီ နဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ ဇနီးမောင်နှံ တို့ဟာ ဆိုရင် အကယ်ဒမီ ဆုရမယ်လို့ ပရိသတ်တွေက ထင်မြင်ချက်ပေးခဲ့ကြပေမယ့် အကယ်ဒမီ ဆုနဲ့ လွဲခဲ့ရပေမယ့် Star Award ကပေးတဲ့ ဆုကိုတော့ ထိုက်ထိုက်တန်တန် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ပထမ Star Awards စတင်တုန်းက SMS Voting စနစ် နဲ့စတင်ခဲ့တုန်းက ရုပ်ဆောင် ဇဏ်ခီ နဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ ဇနီးမောင်နှံ တို့က သူတို့ ပရိသတ်တွေ ရဲ့ SMS Voting ပေးမှ ဆုရမယ် ဆိုရင် ပါဝင်မည်မဟုတ်ကြောင်း ပြောကြားပြီး နှုတ်ထွက်ခဲ့ပါသေးတယ်။

ဒီတစ်ခါမှာတော့ Star Awards ဆုရွေးချယ်ရေး အဖွဲ့ဝင်၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးမြတ်ခိုင် က မီဒီယာတစ်ခုမှာ ” Star Awards က Voting စနစ်နဲ့ပတ်သတ်ပြီး ပရိသတ်တွေအပြောများပြီး ဝေဖန်ခဲ့တဲ့အပေါ် ဒီလိုပြဿနာကို အစကပြန်တွေးကြည့်ရင် ဟီးရိုးဖြစ်ချင်တဲ့သူကနေ စတင်ဖြစ်သွားရာက နောက်ကပါသွားကြတာ ဆိုပြီး ” ပြောထားချက်အပေါ် သရုပ်ဆောင် ဇဏ်ခီက ခုလိုပြန်ပြောထားပါတယ်။

ဇဏ်ခီက ” “ဟီးရိုး ထလုပ်တယ်” ဆိုပဲ..
ကျနော်တို့ရဲ့ရပ်တည်မှုကိုသိပုံမရဘူး။SMS နဲ့ Voting လုပ်တဲ့ကိစ္စကနေထွက်တာကျနော်စခဲ့တာဆိုတော့ကျနော်ရှင်းပြပါ့မယ်။ကျနော်တို့ပုံတွေဖြုတ်ခိုင်းတဲ့မနက်က ကျနော်တို့ပုံတွေနဲ့အတူ SMS နံပါတ်တွေတွေ့တွေ့ချင်းစိတ်တော်တော်ပျက်သွားမိတယ်။ ဘာလို့လဲဆိုတော့ သီချင်းဆိုပြိုင်ပွဲတွေမှာ vote လုပ်တဲ့စနစ်တွေနဲ့ ဒီသရုပ်ဆောင်တွေကို သူတို့ရဲ့ fan အချင်းချင်းပြိုင်ခိုင်းတာကို သဘောမတွေ့လို့ပါ။ နောက်အချက်တွေကတော့..
1. ကျနော်တို့ကိုကြိုတင်ခွင့်တောင်းခြင်း အသိပေးခြင်းလုံးဝမရှိခဲ့ပါဘူး။ ခွင့်တောင်းရကောင်းမှန်းမသိတာလား ခွင့်တောင်းစရာမလိုဘူးလို့တွေးတာလား ဆိုတာတော့ ကျနော်မမှန်းဆတတ်ပါဘူး။
2. ခွင့်တောင်းခဲ့သည်ရှိသော် ကျနော်တို့မှာငြင်းပိုင်ခွင့်ရှိရပါမယ်။ လူတစ်ဦးချင်းမှာ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။
3. ငြင်းခဲ့ရင်လည်းပဲ ငြင်းပယ်ချက်ကို လေးစားမှုအပြည့်နဲ့လက်ခံနိုင်ရပါမယ်။ အထူးသဖြင့် စာနယ်ဇင်းသမားတစ်ယောက်အနေနဲ့ ပိုပြီးတော့တောင် နားလည်လက်ခံနိုင်စွမ်းရှိသင့်ပါတယ်။ ”

“အခုဒီ interview ထဲမှာပြောသွားတဲ့ပုံကိုကြည့်ချင်းအားဖြင့် အနုပညာသမားတွေပေါ်မှာထားတဲ့စိတ်ကတော်တော် သေးတိမ်လွန်းပါတယ်။ Interview ကိုနားထောင်ပြီး အံ့သြမိသလို စိတ်မကောင်းဖြစ်ရပါတယ်။ People’s Choice Award အတွက်ထည့်သွင်းထားတဲ့အနုပညာသမားအများစုဟာ FB account မရှိလည်း အောင်မြင်နေပြီးသားသူတွေပါ။ အခုလိုရေးခြင်းဟာလည်း ဟီးရိုးထလုပ်တာမဟုတ်သလို like တွေ follower တွေတိုးအောင်လုပ်နေခြင်းမဟုတ်ပါဘူး။ SMS voting ကနေထွက်သွားတုန်းကအကြောင်းအရင်းအတိုင်းပါပဲ။ ကိုယ့်သိက္ခာကိုယ်ကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်ပါတယ် ခင်ဗျား။
Zenn Kyi (ဇဏ်ခီ)” ဆိုပြီး ပြန်လည်ပြောဆို တုန့်ပြန်ထားပါတယ် ပရိသတ်ကြီးရေ ။

သရုပ်ဆောင်ဇဏ်ခီ ပြန်လည် တုန့်ပြန်ပြောဆို ချက်တွေကို ပရိသတ်တွေ တွေ့မြင်ရလောက်ပြီထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ချစ်ပရိသတ်ကြီးကို လည်း ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;zenn kyi, a khone thi

Facebook Comments

admin

error: Content is protected !!