မာန်အောင်မြေက ပရိသတ်တွေကို ” လရောင်ချော့တေး ” သီချင်းလေးနဲ့ ဖျော်ဖြေခဲ့တဲ့ နေတိုးရဲ့ ဗီဒီယို

Last modified date

မြန်မာနိုင်ငံရဲ့ ထိပ်တန်းရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းသားချော နေတိုးက ဒိတ်ဒိတ်ကြဲ အနုပညာရှင်စာရင်းမှာ တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ အနေအေးပြီး ရိုးသားဖြူစင်တဲ့ နေတိုးကိုတော့ ပရိသတ်တွေအားလုံးက ဝိုင်းချစ်နေကြသလို အပြတ်အသတ် ဝန်းရံအားပေးနေကြတာလည်း ဖြစ်ပါတယ်။ ထပ်ဆင့်အကယ်ဒမီဆုရှင် နေတိုးက သရုပ်ဆောင်ပိုင်းမှာ ထူးချွန်သလို အဆိုပိုင်းမှာလည်း အသံချိုချိုလေးနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်သူ ဖြစ်ပါတယ်။

သီချင်းဆိုကောင်းတဲ့ နေတိုးက တစ်ခါတစ်လေမှာ ဇာတ်ဝင်တေးသီချင်းတွေကအစ ကိုယ်တိုင်သီဆိုလေ့ရှိတာလည်း ဖြစ်ပါတယ်။ “လရောင်ဖြာတဲ့ အင်းလေးမှာ ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်တေးဖြစ်တဲ့ ” လရောင်ချော့တေး ” သီချင်းကိုလည်း နေတိုးကိုယ်တိုင်သီဆိုခဲ့ပါတယ်။ အခုလည်း နေတိုးဟာ မာန်အောင်မြေက ပရိသတ်တွေကို ” လရောင်ချော့တေး ” သီချင်းလေးလေးနဲ့ ဖျော်ဖြေခဲ့တာပဲဖြစ်ပါတယ်။

ဓာတ်ပုံဆရာ Nyar Na ကတော့ “ဒီသီချင်းလေးဆိုမယ်လို့ကြေငြာလိုက်တဲ့အချိန်မှာ စိတ်မကောင်းဖြစ်လို့မရိုက်တော့ဘူးကွာဆိုပြီး နားထောင်နေခဲ့ပေမယ့် အမှတ်တရအနေနဲ့ ending လေးကိုရိုက်ခဲ့မိတယ် … 😓” ဆိုပြီး ဗီဒီယိုလေးကိုတင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ” လရောင်ချော့တေး ” သီချင်းလေးလေးနဲ့ ဖျော်ဖြေခဲ့တဲ့ နေတိုးရဲ့ ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်

Facebook Comments

admin

error: Content is protected !!