သားလေးဂျက်ဂျက်မမွေးခင် ဗိုက်လှလှလေးကို ဖော်ပြီး အလှဓာတ်ပုံ ရိုက်ကူးခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

အသံဝဲဝဲလေးနဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ဦးဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းက သီချင်းဆိုလဲကောင်းသလို မော်ဒယ်လောကမှာလဲ အောင်မြင်ခဲ့သူဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းက ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ အိမ်ထောင်ပြုခဲ့တာဖြစ်ပြီး အခုဆိုရင် သားလေး ဂျက်ဂျက်ကို ဝမ်းထဲမှာ လွယ်ထားရတဲ့ မိခင်လောင်းတစ်ဦး ဖြစ်လို့ နေပါပြီ။

နန်းမြတ်ဖြိုးသင်းက သားလေး ဂျက်ဂျက်ကို မမွေးဖွားခင် ဗိုက်လှလှ လုံးလုံးလေးကိုဖော်ပြီူ အလှဓာတ်ပုံတွေ အများကြီး ရိုက်ကူးခဲ့ပါတယ်။

ပရိသတ်တွေအတွက် နန်းမြတ်ဖြိုးသင်းရဲ့ လှပတဲ့ ကိုယ်ဝန်ဆောင် ပုံရိပ်တွေကိယြု မျှဝေလိုက်ပါတယ်နော်။

နန်းမြတ်ဖြိုးသင်းက သားလေးကို မကြာခင် မွေးဖွားတော့မှာမို့ အနုပညာလုပ်ငန်းတွေကို ရပ်နားထားပြီး ကိုယ်ဝန်ကို ဂရုတစိုက် စောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။

နန်းမြတ်ဖြိုးသင်းက အခုဆိုရင် ကိုယ်ဝန် ၃၈ ပတ်ရှိနေပြီဖြစ်ပြီး သားလေး ဂျက်ဂျက်ကို မကြာခင် မွေးဖွားတော့မှာပဲ ဖြစ်ပါတယ်။

နန်းမြတ်ဖြိုးသင်းကတော့ ကိုယ်ဝန်ရှိပြီးမှ အရင်ထက်ပိုလှလာသလိုပဲနော်။ ပရိသတ်ကြီးလဲ နန်းမြတ်ဖြိုးသင်းရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source : momolay

Facebook Comments

admin

error: Content is protected !!