သူ့ကို နောက်ပြောင်တဲ့ ဗီဒီယိုတွေကို အွန်လိုင်းပေါ်မတင်ဖို့ ငိုယိုပြီး တောင်းပန်လိုက်တဲ့ ကျော်ကျော်နန္ဒ

တေးသံရှင် ကျော်ကျော်နန္ဒက သူ့ရဲ့ သီချင်းတွေနဲ့ လူတကာနဲ့မတူတဲ့ ဖက်ရှင်တွေကြောင့် လတ်တလော ပရိသတ်တွေ ကြားမှာ ရေပန်းစားနေတာ ဖြစ်ပါတယ်။ ကျော်ကျော်နန္ဒက အနုပညာလောကထဲမှာ ကျင်လည်နေတာ ကြာပြီဖြစ်ပေမယ့် မကြာခင်က ထွက်ရှိခဲ့တဲ့ “ဆက်ပက်သင်္ကြန်” သီချင်းကြောင့် လူသိများလာခဲ့တာဖြစ်ပါတယ်။ တေးသံရှင် ကျော်ကျော်နန္ဒက လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ကျော်ကျော်နန္ဒက သူ့ကို ပွဲငှားသူယောင်ဆောင်ပြီး ဖုန်းဆက် စနောက်ကြပြီး အွန်လိုင်းပေါ်မှာ ဗီဒီယိုတင်တဲ့ သူတွေ ရှိပါတယ်။ ကျော်ကျော်နန္ဒက ထိုသူတွေကို ၆၆(ဃ) နဲ့ တရားစွဲမယ်လို့ ပြောထားပါတယ်။

ဒါပေမယ့် ကျော်ကျော်နန္ဒက ၆၆(ဃ)နဲ့ တရားစွဲမယ့် အစီအစဉ်ကို ရပ်တန့်လိုက်ပြီလို့ Live လွှင့်ပြီး ဆိုထားပါတယ်။ ဒါ့အပြင် နောက်နောင်မှာလဲ သူ့ကို အခုလို ပွဲငှားချင်ယောင်ဆောင်ပြီး စနောက်ကျီဆယ်ခြင်းကို ထပ်မလုပ်ဖို့ ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။

သူ့ကို စနောက်ပြီး အရှက်မခွဲဖို့ တောင်းပန်ခဲ့တဲ့ ကျော်ကျော်နန္ဒ

ကျော်ကျော်နန္ဒက လူသားထဲက လူသားပဲမို့ အခုလို အွန်လိုင်းမှာ အရှက်ခွဲခံရတော့ တော်တော်လေး စိတ်မကောင်းဖြစ်နေပြီး ငိုနေတာပဲ ဖြစ်ပါတယ်။ ဒီပိုစ့်လေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source : momolay

Facebook Comments

admin

error: Content is protected !!