သင်္ကြန်မှာ သီချင်းမဆိုရဘူးဆိုပြီး သူမကို မုန့်ဖိုး သိန်း (၅၀) ပေးတဲ့သူအကြောင်း ပြောလာတဲ့ ဘေဘီမောင်

ဆွဲဆောင်မှုရှိလှတဲ့ ညှို့အားပြင်းပြင်း ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ ဘေဘီမောင်ကတော့ အနုပညာအလုပ်တွေလုပ်ရင်း မိသားစုတွေကို ထောက်ပံ့နေတဲ့ သမီးလိမ္မာလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဘေဘီမောင်က သူမကို သင်္ကြန်မှာ သီချင်းမဆိုရဘူးဆိုပြီး မုန့်ဖိုး သိန်း (၅၀) ရခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ တင်ထားတာ တွေ့ရပါတယ်။ ဘေဘီမောင်ကတော့ သင်္ကြန်မှာ သီချင်းဆိုပြီး ပရိသတ်တွေကို ဖျော်ဖြေနေကြမို့ So Sad ဆိုပြီးလည်း ရေးသားထားပါသေးတယ်။

ချစ်ပရိသတ်တွေအတွက် သူမကို သင်္ကြန်မှာ သီချင်းမဆိုရဘူးဆိုပြီး မုန့်ဖိုး သိန်း (၅၀) ပေးတဲ့သူရဲ့အကြောင်းကို ပြောလာတဲ့ ဘေဘီမောင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဘေဘီမောင်ကတော့ “သင်္ကြန် ဘယ်ဘယ်မှာမှသီချင်းမဆိုရဘူးတဲ့😞 အေးဆေးနားတဲ့😔မုန့်ဖိုး သိန်း၅၀ပေးတယ်😞so sad😞” ဆိုပြီး သူမရဲ့အကြောင်းကို ပြောထားတာပါ။

ပရိသတ်တွေကတော့ သူမရဲ့ချစ်သူက မုန့်ဖိုးပေးတယ်လို့ ထင်မြင်ချက်လေးတွေကို ရေးသားထားတာ တွေ့ရပါတယ်။

ဘေဘီမောင်ကတော့ လက်ရှိမှာ သူမကို အရမ်းချစ်ပြီး ဂရုစိုက်တတ်တဲ့ အဆိုတော် သားဂန်းနဲ့ ချစ်သူတွေဖြစ်နေတာဖြစ်ပြီး သာယာပျော်ရွှင်တဲ့ အချစ်ရေးတစ်ခုကို ဖန်တီးတည်ဆောက်ထားတာပါ။ ဘေဘီမောင်ကတော့ နောက်ပိုင်းမှာ ချစ်သူရေးပေးတဲ့ သီချင်းတွေကိုလည်း ဆိုဖို့အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ ချစ်ပရိသတ်တွေလည်း ကံကောင်းလွန်းသူလေး ဘေဘီမောင်လေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Source : momolay

Facebook Comments

admin

error: Content is protected !!