“သတင်းမီဒီယာများသို့” ဆိုပြီး မီဒီယာတွေကို အသိပေးတောင်းဆိုလိုက်တဲ့ သရုပ်ဆောင်နေတိုး

နိုင်ငံကျော် သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မင်းသားချောတစ်ယောက်ဖြစ်တဲ့ နေတိုး ဟာဆိုရင် ကျရာဇာတ်ရုပ်မျိုးစုံကနေ ပီပီပြင်ပြင် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင် ပြသပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ သူကတော့ သရုပ်ဆောင်ကောင်းတဲ့ အနုပညာရှင်ကောင်း တစ်ယောက်ဖြစ်သလို သီချင်းဆိုပါကောင်းလွန်းတဲ့ အဆိုတော် တစ်ယောက်ဆိုလည်း မမှားပါဘူးနော်။

ဒီနေ့မှာတော့နေတိုးဟာ မီဒီယာများသို့ ဆိုပြီးတော့ မီဒီယာ တွေ လူမှုကွန်ယက်ကနေ ပြောခဲ့ပါတယ်။ နေတိုးက ” သတင်းမီဒီယာများသို. 2019 April 12ရက်နေမှစ၍အနုပညာလှုပ်ရှားမှု့သတင်းများမှအပ
တခြား personal ကိုယ်ရေးကိုယ်တာမေးခွန်းများအားမေးမည်ဆိုပါက (မေးမည့်အကြောင်းအရာများကို ကြိုတင်ခွင့်ပြုချက်ယူပေးကြပါရန်) နဲ့ပရိသတ်များနားထောင်ကြည့်ရှုတဲ့အခါမှာလည်း အင်တာဗျူးအရသာမပျက်သွားစေရန်(မိမိမေးမြန်းထားသောမေးခွန်းများကိုမိမိအသံနဲ့ သော်လည်းကောင်းစာတန်းထိုးပေး၍သော်လည်းကောင်းတိကျစွာထည့်သွင်းဖော်ပြပေးကြပါရန် )လေးစားစွာ တောင်းဆိုအပ်ပါသည်ခင်ဗျာ။
(မှတ်ချက်) အခုတင်သော post မှာအားလုံးနားလည်သဘောပေါက်နိုင်အောင်ရေးထားပါသဖြင့် ဒီ post နဲ့ ပတ်သက်သောအင်တာဗျူးများ ထပ်မံဖြေမည်မဟုတ်ပါ အားလုံးကိုချစ်ခင်စွာဖြင့် နေတိုး” ဆိုပြီး တောင်းဆိုထားတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးအတွက် နေတိုး Facebook ပေါ်မှာတင်ပြီး မီဒီယာတွေကို အသိပေးလိုက်တဲ့ post လေးကိုဖော်ပြပေးလိုက်ပါတယ်။ နေတိုးကတော့ ဒီpost နဲ့ပတ်သတ်ပြီး အင်တာဗျူးတွေမှာ ထပ်မံဖြေမှာမဟုတ်ဘူးလို့လဲ ပြောထားပါသေးတယ်။ နေတိုးရဲ့ သတိပေးချက်ကို အားလုံးသိအောင်ဖော်ပြပေးလိုက်ပါတယ်နော်။

Facebook Comments

admin

error: Content is protected !!