သင်္ကြန်အကြို အလှူအဖြစ် ရိုက်ကွင်းရှိ စက်အဖွဲ့သားများကို ဆန်အိတ် နှင့် ဆီဘူးများ လှူဒါန်းခဲ့တဲ့ အိချောပို

အိချောပိုကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်သလို ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိနေတဲ့ ပြည်သူချစ်အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေ ချစ်ခင်အားပေးခဲ့ရတဲ့ အိချောပိုကတော့ ချစ်စရာကောင်းတဲ့ သူမရဲ့ အပြုံးလေးတွေကြောင့်လဲ ပုရိသတွေအချစ်ပိုခဲ့ရပါတယ်။ 

ပရိသတ်တွေကတော့ သူမကို ချစ်စနိုးနဲ့ စူစူလေးကိုခေါ်နေကြပြီး သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းအလှတွေကြောင့် လဲ ပုရိသတွေကြားမှာ နာမည်ကျော်ရေပန်းစားနေသူလေးဖြစ်ပါတယ်။ အိချောပိုကတော့ ယခုမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေခဲ့သလို ကြော်ငြာတွေလဲ ရိုက်ကူးနေခဲ့ပါတယ်။  

ဒီနေ့မှာတော့ သရုပ်ဆောင် အိချောပို က သင်္ကြန်အကြို အလှူအဖြစ် Shooting ရိုက်ကွင်းရှိ စက်အဖွဲ့သားများကို ဧပြီလ (၈) ရက်နေ့က ရန်ကုန်မြို့ ရှိ ဦးမောင်မောင်ကြီး Shooting အိမ်မှာ ဆန်အိတ် နှင့် ဆီဘူး များ လှူဒါန်းခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် အိချောပိုရဲ့ အလှူပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ အိချောပိုကိုချစ်ရင် Share ပေးကြပါဦးနော်။

Photo Source : myanmar Celebrity

Facebook Comments

admin

error: Content is protected !!