ချစ်ရတဲ့မေမေ ပျော်သွားအောင် Suprise လုပ်ပေးလိုက်တဲ့ အောင်မင်းခန့်ရဲ့ ဗီဒီယိုဖိုင်လေး

ရုပ်ရှင်သရုပ်ဆောင် မင်းသားချော အောင်မင်းခန့်ကတော့ MRTV-4 ဇာတ်လမ်းတွဲတွေကတစ်ဆင့် လူသိများအောင်မြင်လာခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သရုပ်ဆောင်အရည်အချင်း ပြည့်ဝပြီး ဇာတ်ရုပ်တိုင်းကို အကောင်းဆုံးဖြစ်အောင် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တဲ့ အောင်မင်းခန့်က ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုများစွာ ရရှိထားသူ ဖြစ်ပါတယ်။ အမာခံပရိသတ် အမြောက်အများကို ပိုင်ဆိုင်ထားတဲ့ အောင်မင်းခန့်က နှုတ်ခမ်းနီမလေးတွေရဲ့အချစ်တော်မင်းသားလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ အောင်မင်းခန့်က ဇာတ်ကားတွေရိုက်ကူးနေသလို ပွဲအခမ်းအနားတွေလည်း တက်ရောက်နေတာ တွေ့ရပါတယ်။ အခုလည်း အောင်မင်းခန့်က ချစ်ရတဲ့ မေမေပျော်သွားအောင် Suprise လေးတစ်ခု လုပ်ပြလိုက်ပါတယ်။ အောင်မင်းခန့်က TV ကြည့်နေတဲ့ မေမေ့ရဲ့အနားကိုသွားထိုင်ပြီး သူ့လက်လေးပေါ်မှာ ရေးထားတဲ့ ” I Love U Mother ” ဆိုတဲ့စာသားလေးနဲ့ အချစ်တွေကို ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။

အောင်မင်းခန့်ရဲ့ Suprise အစီအစဉ်လေးကြောင့် မေမေတစ်ယောက် အပျော်ကြီးပျော်သွားပြီး သားလေးကို အာဘွားတွေ တစ်ဝကြီးပေးလိုက်တာ တွေ့ရပါတယ်။ အောင်မင်းခန့်တို့သားအမိနှစ်ယောက်ရဲ့ ကြည်နူးစရာမြင်ကွင်းလေးကတော့ ပရိသတ်တွေကိုတောင် အပျော်တွေကူးစက်စေခဲ့ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ အောင်မင်းခန့်တို့ သားအမိနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်

Source:Aung Min Khant;

Facebook Comments

admin

error: Content is protected !!