အလှူမှာဟန်ဆောင်မှုမရှိဘဲ မုန့်တွေအားပါးတရစားနေတဲ့ ရွှေသမီးရဲ့ ချစ်စဖွယ် Video လေး

နာမည်ရသရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်တဲ့ ရွှေသမီးတစ်ယောက် မေတ္တာသင်္ဂဟ ပရဟိတအဖွဲ့ရဲ့ မွန်မြတ်တဲ့အလှူပွဲလေးမှာ ပါဝင်ကူညီခဲ့ပြီး အလှူမှာကျွေးတဲ့ မုန့်တွေကို ဟန်ဆောင်မှုမရှိ ရိုးသားဖြူစင်တဲ့အပြုံးလေးတွေနဲ့ ကလေးတစ်ယောက်လို စားနေပုံက ချစ်စရာကောင်းလွန်း နေပါတယ်။ ဆေးဆိုးပန်းရိုက်အလှတွေမဟုတ်ပဲ သနပ်ခါးပါး ကွက်ကြားလေးလူးထားပြီး သဘာဝအတိုင်းလှလွန်းနေတဲ့ သူမဟာ ယောဂီဝတ်စုံ လေးနဲ့ အရမ်းကိုကျက်သရေရှိလွန်းနေပါတယ်။ ပြီးခဲ့တဲ့ April 5 ရက်နေ့မှာ ကျင်းပတဲ့ Star Awards ပွဲမှာလည်း သုံးရောင်ခြယ်ဇာတ်ကားနဲ့ ” Best Actress In A Supporting Award ” ကို ရရှိခဲ့တာပဲဖြစ်ပါတယ်။

သူမဟာအောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ပရိတ်သတ်အားပေးမှုကို အပြည့်အ၀ ရရှိနေသူလည်း ဖြစ်ပါတယ်။ ယနေ့ထက်ထိ ချစ်သူတစ်ယောက်မှ မထားဖူးသေးဘူး လို့လည်း သူမကဆိုပါတယ်။ သရုပ်ဆောင်ခဲ့တဲ့ ကာရိုက်တာတွေပေါ်မှာတော့ အားရကျေနပ်မှုရှိပြီး ဇာတ်ရုပ်တိုင်းဟာ သူမအတွက်စိန်ခေါ်မှု အသစ်တွေလို့ဆိုပါ တယ်။ အေးချမ်းတဲ့အပြုံးပိုင်ရှင်လေး ရွှေသမီးတစ်ယောက် ပရဟိတအဖွဲ့ရဲ့ အလှူပွဲ လေးမှာ ပြုံးပျော်နေပုံလေးက ချစ်စရာကောင်းလွန်းနေပါတယ်။း

အများအကျိုးဆောင်ရွက်ရတဲ့ ပရဟိအလုပ်ဆိုတာ အတော်လေးမလွယ်ကူလှပေမယ့် အလုပ်များတဲ့ကြားက အားတဲ့အချိန်လေးကို မရရအောင် ဖဲ့ပေးပြီး ကူညီတတ်တဲ့ ရွှေသမီး ရဲ့စိတ်ဓာတ်က လေးစားချင်စရာပါပဲ။ ချစ်စရာကောင်းတဲ့ သနပ်ခါးပါးကွက်ကြားနဲ့ မင်းသမီးလေးရဲ့ ဟန်ပန်မရှိ မုန့်စားနေတဲ့ Video လေးကို တင်ဆက်ပေးလိုက်တယ် နော်။

Video ကြည့်ရန်

Photo – Win Ni

Facebook Comments

admin

error: Content is protected !!