မြန်မာ့နှစ်ကူးပွဲတော်ရဲ့ သင်္ကြန်အကျနေ့ကို အာဘွိုင်းတို့နဲ့အတူ ဆင်နွှဲနေတဲ့ ရွှေရွှေ ဇနီးမောင်နှံ

ပရိသတ်ကြီးရေ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့မိသားစုလေးက အရမ်းကိုချစ်စရာကောင်းပြီး သာယာအေးချမ်းတဲ့မိသားစုလေးပါနော်။ဇနီးမောင်နှံနှစ်ယောက်လုံးက အနုပညာအလုပ်တွေကို မလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းတွေကို ရရှိနေဆဲပါ။အာဘွိုင်းက ဇနီးချောလေးကိုလည်း အရမ်းချစ်ပြီး သမီးလေးတွေအတွက်လည်း လိုလေသေးမရှိအောင်ထားပေးပြီး မိသားစုပျော်ရွှင်ဖို့ကာသာဦးတည်နေတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပါ။

ပူပူနွေးနွေး ဇနီးမောင်နှံလေးတွေ ဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံတို့ စုံတွဲလေးက တစ်ယောက်ကိုတစ်ယောက်ချစ်တဲ့အချစ်တွေက ပြည့်လျှံလာလို့ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်လိုက်ကြပါတယ်။နှစ်ယောက်လုံးက အောင်မြင်တဲ့အနုပညာရှင်တွေဖြစ်ကြလို့ ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ စုံတွဲလေးပါ။အခုနောက်ပိုင်းမှာ ရွှေထူးနဲ့ ရွှေမှုံက အနုပညာအလုပ်တွေကု ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး နိုင်ငံခြားခရီးစဉ်တွေကိုလည်း အလည်အပတ်ထွက်နေတာဖြစ်ပါတယ်။

အခုဆိုရင်လည်း ရွှေရွှေ မောင်နှံက ဂျပန်နိုင်ငံကို အလည်အပတ်သွားရောက်ခဲ့ပါသေးတယ်။ဇနီးမောင်နှံနှစ်ယောက်ရဲ့ ပျော်ရွှင်ကြည်နူးနေတဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်ကြီး တွေ့ခဲ့ရမှာပါ။အခုဆိုရင်တော့ မြန်မာ့နှစ်ကူးအတာသင်္ကြန်ပွဲတော်ရဲ့ အကျနေ့လေးမှာ ရွှေရွှေဇနီးမောင်နှံနဲ့အတူ အာဘွိုင်းတို့ဇနီးမောင်နှံကိုလည်း တွေ့ရမှာပါ။စုံတွဲလိုက် ပျော်ရွှင်မြူးကြွနေပြီး သံစဉ်အလိုက် ယိမ့်နွဲ့ကာ ပျော်ရွှင်နေတဲ့ သူတို့ရဲ့ သင်္ကြန်ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Source:Kyaw Phyo Tun

Facebook Comments

admin

error: Content is protected !!