သင်္ကြန်အကြိုနေ့လေးကို အစားအသောက်တွေနဲ့ဖြတ်သန်းခဲ့တဲ့ စစ်လွန်းဝတီထက်

ချစ်စရာကောင်းလှတဲ့ စစ်လွန်းဝတီထက်လေးကတော့ ပရိသတ်တွေနဲ့အဆက်အသွယ်ပြတ်နေခဲ့တာ အတော်ကြာနေခဲ့ပါပြီ။ ပရိသတ်တွေက စစ်လွန်းဝတီထက်ရဲ့ နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲလိုလို မျှော်လင့်တောင့်တနေခဲ့ကြတာပါ။ ချစ်စရာကောင်းလှတဲ့ မေမေထက်ထက်မိုးဦးရဲ့ တစ်ဦးတည်းသော သမီးလေးဟာ မိခင်ဖြစ်သူရဲ့ လှပချောမောမှုတွေကိုလည်း ရရှိထားသူလေးပါ။

ငယ်စဉ်လေးတည်းက ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိခဲ့တဲ့ စစ်လွန်းဝတီထက်လေးဟာ တနေ့တခြား ပိုပိုပြီး ချစ်ဖို့ကောင်းလာတာကိုလည်း တွေ့ရမှာပါ။ ဖခင်ရဲ့ ဂရုတစိုက်အုပ်ထိန်းမှုလေးတွေကိုလည်း တွေ့မြင်ရပြီးတော့ သားအဖ (၂) ယောက်ကြားက ချစ်မေတ္တာနွေးထွေးမှုလေးတွေကလည်း အားလုံးအသိအမှတ်ပြုရလောက်အောင်ထိကို ဖြစ်ခဲ့ပါတယ်။

စစ်လွန်းဝတီထက်လေးကတော့ သင်္ကြန်အကြိုနေ့လေးကို သူမကြိုက်တဲ့အစားအသောက်တွေနဲ့အတူ ဖြတ်သန်းခဲ့တာတွေ့ရပြီးတော့ သူမရဲ့ပုံရိပ်လေးတွေကို ဖခင်ဖြစ်တဲ့ စိုင်းလွှမ်းက သူ့ရဲ့ ဖေ့ဘုတ်ကနေ တဆင့် ဖော်ပြလာခဲ့တာဖြစ်ပါတယ်။ စစ်လွန်းဝတီထက်ရဲ့ ပုံရိပ်လေးတွေအောက်မှာတော့ သူမကို လွမ်းနေတဲ့ ပရိသတ်ကြီးက သူမရဲ့ လှုပ်ရှားမှုလေးတွေကို အခုမှပြန်လည်မြင်တွေ့ရတော့တဲ့အကြောင်းလေးတွေကို ရေးသားထားတာတွေ့ရပါတယ်။

စစ်လွန်းဝတီထက်ကတော့ တနေ့တခြား ပိုပိုပြီးချစ်ဖို့ကောင်းလာတာကို ယခုဓာတ်ပုံလေးတွေက သက်သေပြနေတာပါနော် ဟုတ်တယ်မလား ပရိသတ်ကြီးရေ။

Source : We Love Cele

Facebook Comments

admin

error: Content is protected !!