သင်္ကြန်အကျနေ့မှာ “ရုပ်ဆိုးမ” သီချင်းနဲ့ အားရပါးရဖျော်ဖြေပေးနေတဲ့ သက်မွန်မြင့်ရဲ့ ဗီဒီယို

နိုင်ငံကျော် သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မင်းသမီးချောလေး သက်မွန်မြင့်ဟာဆိုရင် ဟိုးအရင် MTV တွေ ရိုက်ကူးရာကနေ ပရိသတ်တွေ လူသိများပြီး အများရဲ့ ချစ်ခင်မှုများစွာကို ရရှိလာခဲ့ရတဲ့ သူလေးတစ်ယောက်ပါ။ ယခုဆိုရင် မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးလို့တောင် တင်စားထားရတဲ့ မင်းသမီးချောလေး သက်မွန်မြင့်ဟာဆိုရင် ကျရာဇာတ်ရုပ်မျိုးစုံကို သရုပ်ဆောင်တဲ့ နေရာမှာသာမဟုတ်ဘဲ အဆိုရော အကမှာပါ ကျွမ်းကျွမ်းကျင်ကျင် သီဆိုကပြနိုင်တဲ့ သူလေးတစ်ယောက်ပါ။ အဆိုအကတွေမှာ အရမ်းကို ပိုင်နိုင်လွန်းတဲ့ သူမကတော့ ယနေ့သင်္ကြန်အကျနေ့လေးမှာ ရန်ကုန် Channel K သင်္ကြန်မဏ္ဍပ်မှာ ဝိုင်းစုခိုင်သိန်းရဲ့ “ရုပ်ဆိုးမ” သီချင်းနဲ့ အားရပါးရ သီဆိုဖျော်ဖြေပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

ဝိုင်းစုရဲ့ “ရုပ်ဆိုးမ” သီချင်းကို အားရပါးရ သီဆိုဖျော်ဖြေပေးရင်း ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ကခုန်နေတဲ့ သက်မွန်ရဲ့ ဗီဒီယိုဖိုင်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။ သီချင်းမဆိုခင်အချိန်လေးမှာ ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးဆော့ကစားနေကြောင်းကိုတော့ သက်မွန်က ” မဆိုရပဲ ငုတ်တုတ်ထိုင်စောင့်နေရတော့ လှုပ်လှုပ်ရှားရှားလေး BFF ရဲ့ အခွီ🤪 ကိုရဲလေးကို အားပေးတာပါ 😉မျှော်ရတဲ့ပရိတ်သတ်တွေလည်း အားနာပါတယ်လို့.. ဒါလေးနဲ့ အရင် ပျော်နိုင်ကြပါစေနော်😘 ” ဆိုပြီး သူုမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင် ရေးသားထားပြီး ဝိုင်းစုခိုင်သိန်း သီဆိုထားတဲ့ “ရုပ်ဆိုးမ” သီချင်းနဲ့ ပရိသတ်တွေကို ဖျော်ဖြေပေးနေတဲ့ သက်မွန်မြင့်ရဲ့ Video

သီချင်းမဆိုခင်အချိန်လေးမှာ သီဆိုနေသူ ရဲလေးကို အားပေးရင်း သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးကခုန်နေတဲ့ သက်မွန်မြင့်ရဲ့ Video

သက်မွန်ရဲ့ မြူးမြူးကြွကြွ သီဆိုဖျော်ဖြေမှုလေးတွေကို မြင်တွေ့ခွင့်ရလိုက်တဲ့အတွက် ပရိသတ်တွေလည်း သဘောကျ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ “ရုပ်ဆိုးမ” သီချင်းကို အပီအပြတ်ဟဲပြီး သင်္ကြန်အကျနေ့အတွက် သီဆိုပေးနေတဲ့ သက်မွန်ရဲ့ သီချင်းဗီဒီယိုဖိုင်လေးကိုကြည့်ရင်း သဘောကျ အချစ်ပိုမိတယ်ဆိုရင် Share ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ပေးရင်း ပရိသတ်တွေကို အကောင်းဆုံး ဖျော်ဖြေတင်ဆက်ပေးနေဆဲဖြစ်တဲ့ သက်မွန်မြင့်ကို ဆက်လက်ပြီး ချစ်ပေးအားပေးကြပါဦးနော်။

Kay Kay
Ref : Thte Mon Myint’s Facebook

Facebook Comments

admin

error: Content is protected !!