ရဲလေးသီချင်းဆိုနေတာကို စင်အောက်ကနေ အပီအပြင်လိုက် ကနေတဲ့ သက်မွန်တို့ သူငယ်ချင်းတွေရဲ့ ဗီဒီယိုဖိုင်လေး

ချစ်စရာကောင်းတဲ့ချစ်သက်တို့ BFF Group ကတော့ တကယ့်ကလေးလေးတွေအတိုင်းပဲ နော်။ ကိုယ့်အလှည့်မရောက်သေးလို့ ဖျော်ဖြေဖို့စောင့်ရင်း အဆိုတော်ရဲလေးရဲ့ သီချင်း သံစဉ်နဲ့ စင်အောက်မှာ လိုက် က နေကြတာ တကယ့်ကိုပျော်စရာကြီးပါ။ အမြဲတမ်း ခရီးတွေအတူတူသွားတတ်ပြီး ပျော်စရာ ကောင်းတဲ့ သူငယ်ချင်းတွေဟာ အချိန်တိုင်း မှာ တတွဲတွဲပါပဲ။

အသက်တွေဘယ်လောက်ပဲကြီးသွားပါစေ သူငယ်ချင်းတွေနဲ့တွေ့ရင်တော့ အမြဲတမ်း ကလေးပြန်ဖြစ် သွားတတ်ကြတာ လူတိုင်းပါပဲ။ ချစ်သက်တို့သူငယ်ချင်းတစ်စုလည်း ဟန်ဆောင်မှုတွေကင်းပြီး လွတ်လွတ်လပ်လပ်ပျော်ရွှင်နေပုံလေးက တကယ့်ကို ချစ်စရာပါပဲ။ ချစ်သက်တို့သူငယ်ချင်းတွေကလည်း အမြဲတမ်းပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော် နေတတ်တာ ကြည်နူးစရာလေးပါ။

သူမတို့ရဲ့ချစ်စဖွယ် Video လေးကို ” မဆိုရပဲ ငုတ်တုတ်ထိုင်စောင့်နေရတော့ လှု ပ်လှုပ်ရှားရှားလေး BFF ရဲ့ အခွီ ကိုရဲလေးကို အားပေးတာပါ မျှော်ရတဲ့ ပရိတ်သတ်တွေလည်း အားနာပါတယ်လို့.. ဒါလေးနဲ့ အရင် ပျော်နိုင်ကြပါစေနော် ” ဆိုပြီး တင်ထားမို့ ပြန်လည်ဝေမျှပေးလိုက်ပြီနော်။

Video ကြည့်ရန်

Photo – Thet Mon Myint

Facebook Comments

admin

error: Content is protected !!