ဖိလစ်ပိုင် Dancer လေး Ranz Kyle နဲ့ ရင်းနှီးစွာဆုံတွေ့ရင်း မုန့်တူတူစားခဲ့တဲ့ ဟန်နာယူရီ ရဲ့ ဗီဒီယို

နိုင်ငံကျော် မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ ဟန်နာယူရီက ချစ်စရာကောင်းပြီး ကိုရီးယားမလေးလို ဖြူဖြူသေးသေးလေးမို့ ပရိသတ်တွေ အချစ်ပိုနေရတာပါ။ ဟန်နာယူရီက မိတ်ကပ်ပညာနဲ့သာမက မော်ဒယ်အဖြစ်လဲ ရပ်တည်နေသူဖြစ်ပါတယ်။ ဟန်နာယူရီက အခုဆိုရင် သူ့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်တဲ့ အလှပြင်ပစ္စည်းတွေကိုလဲ ထုတ်လုပ်နေတာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးခြင်းကို တစ်ခဲနက်ခံနေရတာ ဖြစ်ပါတယ်။

ဟန်နာယူရီက လက်ရှိမှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရောက်ခိုက် ဟန်နာယူရီက ဖိလစ်ပိုင်လူမျိုး လူငယ် Dancer လေး တစ်ဦးဖြစ်တဲ့ Ranz Kyle နဲ့ ဆုံတွေ့ခဲ့ပါတယ်။

ဟန်နာယူရီနဲ့ Ranz Kyle က တော်တော်လေး ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ပုံစံဖြစ်ပြီး မုန့်အတူတူ စားရင်း အချိန်တွေ ကုန်ဆုံးခဲ့တာကို တွေ့ရပါတယ်။ Ranz Kyle နဲ့ အခုလိုတွေ့တာ ဒါက သုံးကြိမ်မြောက် ဖြစ်ပြီလို့ ဟန်နာယူရီက ပြောပြထားပါသေးတယ်။

Ranz Kyle ကို လိုက်စနေတဲ့ ဟန်နာယူရီ

Ranz Kyle က ဖိလစ်ပိုင်လူမျိုး Dancer တစ်ဦးဖြစ်ပြီး သူ့ရဲ့ညီမ Niana Guerrero နဲ့အတူတူ Cover Dance တွေကရင်း အာရှနိုင်ငံတွေမှာသာမက အနောက်တိုင်းနိုင်ငံတွေထိတင် ထိုးဖောက်အောင်မြင်နေတဲ့ အသက် (၂၂)နှစ်အရွယ် လူငယ်လေး တစ်ဦးပဲ ဖြစ်ပါတယ်။

နိုင်ငံတစ်ဝှမ်းက မိန်းကလေးတွေ သည်းသည်းလှုပ်ကြိုက်ရတဲ့ ကောင်ချောလေး Ranz Kyle နဲ့ အတူတူ ဆုံပြီး ရင်းရင်းနှီးနှီးတွေ့ဆုံရတာ နည်းတဲ့ ကုသိုလ်လားနော်။ ဟန်နာယူရီကို ကြည့်ရတာလဲ သူမရဲ့ သူငယ်ချင်းဟောင်း Ranz Kyle နဲ့ တွေ့ရလို့ တော်တော်လေး ဝမ်းသာနေတဲ့ပုံပါပဲ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source : momolay

Facebook Comments

admin

error: Content is protected !!