ချစ်သူလေးကိုစိတ်မချလို့ သူပါအတူတူစင်ပေါ်တက်ပြီးဖျော်ဖြေခဲ့တဲ့ နေဒွေး ရဲ့ ဗီဒီယို

နေဒွေးတစ်ယောက် ချစ်သူလေးဟေမာန်ဇော်ဇော်နဲ့အတူ မုံရွာမြို့ရဲ့ ချင်းတွင်းသင်္ကြန် မှာ အတူတူ ဖျော်ဖြေခဲ့ကြတာပဲဖြစ်ပါတယ်။ ချစ်သူနှစ်ယောက်ရဲ့ ချစ်ခရီးလမ်းဟာ လည်း နှစ်နှစ်ကျော် တိုင်ခဲ့ပြီ ဖြစ်ပြီး လက်ရှိအချိန်ထိ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ သာယာပျော်ရွှင်နေကြတာပဲဖြစ်ပါတယ်။ နေဒွေး ဟာဆိုရင် ဆယ်ကျော်သက်အရွယ် ကတည်းက အနုပညာလမ်းကြောင်းပေါ်မှာလျှောက်လှမ်းခဲ့ပြီး လက်ရှိအချိန်ထိ အောင်မြင်မှုကို ဖမ်းဆုပ်ထားနိုင်သူတစ်ယောက်ပါပဲ။

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်း ကျော်မင်းသားတစ်ဦး ဆိုလည်း မမှားပါဘူး။ ပြီးခဲ့တဲ့ 2018 ကတည်းက နေဒွေးတစ်ယောက် သူ့ရဲ့ Facebook မှာ ” ချစ်တယ် My ပါကျဲ ” ဆိုတဲ့စာလေးကို ချစ်သူလေးကို Tag တွဲကာတင်ထားတာပဲဖြစ်ပါတယ်။ နေဒွေးရဲ့ ချစ်သူ မိန်းက လေးဟာလည်း သရုပ်ေ်ဆာင် ဘေဘီမောင်ရဲ့ညီမဖြစ်သူ ဟေမာန်ဇော်ဇော်ပဲဖြစ်ပါတယ်။ သူမဟာလည်း အနုပညာအသိုင်းအဝိုင်းထဲက တက်သစ်စမင်းသမီးတစ်ယောက်ပါပဲ။

နေဒွေးနဲ့လည်း ဇာတ်ကားတွေ တွဲဖက် ရိုက်ကူးထားသူတစ်ယောက်ပါပဲ။ ချစ်သူနဲ့အတူ ဖျော်ဖြေ နေတဲ့ နှစ်ယောက်သားရဲ့ Video လေးကို ” တစ်ယောက်ထဲဆိုစိတ်မချလို ” ဆိုပြီး အကျနေ့အမှတ်တရအဖြစ်နဲ့ တင်ခဲ့ပါသေးတယ်။ လိုက်ဖက်တဲ့စုံတွဲလေးဖြစ်တာမို့ ပရိသတ်တွေကလည်း သဘောတူမှာအသေ အချာပါပဲ။ နေဒွေးရဲ့ချစ်သူလေးကို ပရိသတ်ကြီးလည်း သိရအောင်ဖော်ပြပေးလိုက်ပြီနော်။

Video ကြည့်ရန်

Facebook Comments

admin

error: Content is protected !!