အွန်​လိုင်း​ပေါ်မှာ ဂယက်​ထ​နေတဲ့ Screenshot ​တွေနဲ့ပတ်​သတ်​ပြီး ပညာသားပါပါ ​ဖြေရှင်းလိုက်​တဲ့ ​ဖွေး​ဖွေး

သုံးထပ်ကွမ်း အကယ်ဒမီဆုရှင်လေး ဖွေးဖွေးကတော့ မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံးသော မင်းသမီးတွေထဲက တစ်ဦးဖြစ်တဲ့အပြင် သူမရဲ့အနုပညာအပေါ်ထားရှိတဲ့ စိတ်ကြောင့် ချစ်ကြတဲ့ပရိသတ်တွေ ပိုပိုပြီး များလာသူလေးပဲ ဖြစ်ပါတယ်။ လတ်​​တ​လောမှာတော့ ဖွေးစိန်လေးက ဇတ်​ပို့သရုပ်​​ဆောင်​တစ်​ဦးနဲ့ စကား​ပြောထားတဲ့ Screenshot အတု​တွေ ထွက်​လာတာ​ကြောင့်​ ပရိသတ်​​တွေကြားမှာ ​တော်​​တော်​​လေး ဂယက်​ထသွားတာပါ။ အဆိုပါ Screenshot ​တွေနဲ့ပတ်​သတ်​ပြီး​တော့ ​ဖွေးစိန်​​လေးက ပညာသားပါပါနဲ့ ပရိသတ်​​တွေကို ပြန်​လည်​ရှင်းပြခဲ့တာ ​တွေ့ရပါတယ်​။

ချစ်​ပရိသတ်​​တွေအတွက်​ အွန်​လိုင်း​ပေါ်မှာ ဂယက်​ထ​နေတဲ့ Screenshot ​တွေနဲ့ပတ်​သတ်​ပြီး ပညာသားပါပါ ​ဖြေရှင်းလိုက်​တဲ့ ​ဖွေး​ဖွေးရဲ့အ​ကြောင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

ဖွေး​ဖွေးကို​တော့ ပရိသတ်​တစ်​ဦးက “Screenshoot ဒီမနက် တက်လာတဲ့ အခြားသရုပ်ဆောင် တယောက်နဲ့ ss ကိစ္စလေးလဲသိပြီးရင် ရှင်းပါအုံးဗျ တချို့နားမလည်သေးဘဲ သို့လော သို့လော ဖြစ်နေကြတဲ့သူတွေလဲ ရှင်းသွားတာပေါ့။ I ကတော့အရင်ကလဲ ချစ်တယ် ခုလဲချစ်တုန်းပါ။ ချစ်လို့ပြောတာ peace နော် ..(smile Phway Phway)” ဆိုပြီး သူမဆီက ​ဖြေရှင်းချက်​​လေး ​တောင်းဆိုခဲ့တာပါ။

အဆိုပါ​မေးခွန်းကို​တော့ ​ဖွေး​ဖွေးက “Wow…ဖွေးတောင်မသိရပါလား.. အဲ့လိုတောင် တခါမှ မပြောမိဖူးဘူး May be that’s fake acc . Just keep calm and enjoy Myanmar new year my dear .. တချို့အတုအယောင်တွေကြောင့် အကုသိုလ်မဖြစ်ပဲ စိတ်ချမ်းသာ ကြပါစေ နော် 💙 ဖွေး Fans မှန်ရင် အဲ့လိုမပြောတတ်ဘူးဆိုသာ သိမှာပဲမို့ ရှင်းစရာ မလိုပါဘူး ထားလတ်ပါ ယူနှစ်သစ်မှာ အပူ အပုတ်အကုန်ကင်းစင်ကြပါစေ 😚😚😚😚😚😚😚😚 မုန့်ပြန်စားလိုက်အူးမယ်နော်​” ဆိုပြီး တည်​ငြိမ်​​အေး​ဆေးစွာနဲ့ ပညာသားပါပါ ​ဖြေရှင်းခဲ့တာပါ။

ဖွေးဖွေးကတော့ လတ်တလောမှာ ကျန်းမာရေးအခြေအနေကြောင့် ရုပ်ရှင်ရိုက်နားထားတယ်လို့ သိရပါတယ်။ ချစ်ပရိသတ်တွေလည်း သူမမဟုတ်​ရင်​ ပြတ်​ပြတ်​သားသား ​ဖြေရှင်းတတ်​တဲ့ ​ဖွေး​ဖွေးကို ချစ်​ရင် Share သွားကြပါဦး​နော်​။

Source:Momolay

Facebook Comments

admin

error: Content is protected !!