အချိန်အနည်းငယ်နောက်ကျသွားလို့ ရှိခိုးမတတ်တောင်းပန်ခဲ့ပြီး စင်နောက်ကွယ်က စိုင်းစိုင်းရဲ့ပုံရိပ်တွေကိုပြောပြခဲ့သူတစ်ဦး

တစ်နှစ်ထက်တစ်နှစ် အောင်မြင်မှုတွေ များစွာဆွတ်ခူးရရှိနေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်များစွာ အောင်မြင်နေသူတစ်ဦးပါပဲ။ စိုင်းစိုင်းခမ်းလှိုင်က မြန်မာနိုင်ငံမှာ အားပေးသူ ပရိသတ်တွေအများအပြားကို ပိုင်ဆိုင်ထားတာဖြစ်ပြီး အောင်မြင်မှုများစွာကို ဆွတ်ခူးထားနိုင်သူဆိုလဲ မမှားပါဘူး။ စိုင်းစိုင်းခမ်းလှိုင်ကို လူကြီး လူငယ်မရွေးကြိုက်နှစ်သက်ကြပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ချစ်ခင်ကြတာပဲ ဖြစ်ပါတယ်။

မြန်မာသက္ကရာဇ် ၁၃၈၀/၈၁ ခုနှစ် မဟာသင်္ကြန်ပွဲတော် အကြိုနေ့မှာ မဏ္ဏပ်တစ်ခုမှာ ရုပ်ရှင်ရိုက်ကူးခဲ့တဲ့ စိုင်းစိုင်း ရဲ့အကြောင်းကို စင်နောက်ကွယ်မှာမြင်ရတဲ့ပရိတ်သတ်တစ်ဦးက ယခုလိုပဲပြောပြခဲ့ပါတယ်။ မ

” ပြောပြအုံးမယ်..ဦးစိုင်းကအောင်မြင်တာလည်း မပြောနဲ့။ မနေ့ညကမဏ္ဍာပ်မှာ ရုပ်ရှင်လာရိုက်တာ အချိန်နည်းနည်းကြာတော့ စင်အောက်ကပရိသတ်ကို တောင်းပန်တာများ ရှီခိုးမတတ်ပဲ။ စင်ပေါ်ကလူတွေရော တာဝန်ရှိသူတွေရော ဖျော်ဖြေရေးတွေရော တောင်းပန်ပြီးပြောနေတာမျာူ လက်အုပ်လေးချီလို့ ခါးကျိုးမတတ်ပဲ။” လို့ဆိုပါတယ်။

” ဒါနဲ့၁၁ခွဲကျော်တော့ ကိုယ်တို့ဆိုင်းအဖွဲ့ကသိမ်းပြီးပြန်လို့ရပြီလားဆိုပြီး အနောင့်စ်လုပ်တဲ့အန်တီကိုကိုယ်က သွားမေးတာ။ အဲဒီအန်တီက ဦးစိုင်းနဲ့စကားပြောနေတာ။ ကိုယ်သွားပြောတော့လည်း ပြောတာလေးကိုဂရုတစိုက်နဲ့ တရိုတသေနားထောင်ပေးတာ။ ခါးလေးကိုင်းပြီး ဆိုင်းအဖွဲ့လည်း ခဏလေးစောင့်ပေးပါခင်ဗျ။ ညီမလေးကဆိုင်းအဖွဲ့ကလားမသိဘူး။ ကျွန်တော် ဘယ်သူလိုက်ပြောပေးရမလဲခင်ဗျာနဲ့ တရိုတသေကိုပြောတာ။” လို့ မျှဝေပေးခဲ့ပါတယ်။

အဆိုပါ Post အောက်မှာ စိုင်းစိုင်းရဲ့ ပရိတ်သတ်ဖြစ်သွားရတဲ့ ထူးထူးဆန်းဆန်း ဖြစ်ရပ်လေးကိုလည်း လူတစ်ယောက်က ယခုလိုပဲမျှဝေခဲ့ပါသေးတယ်။

“ကျနော်တို့ ကျောင်းသားတုန်းက အဆောင်မှာ အရမ်းကြမ်းတဲ့ ဘဲကီးတွေရှိတယ်။ကြမ်းတာမှ သူတို့နဲ့ကို စကားဖက်မပြောရဲတာ။
မှတ်မှတ်ရရ ဧဒင်ရဲ့နတ်သမီးဆိုလား ဘာလားရုံတင်တာ ဘစိုင်းက ဝင်းလိုက်မှာလာပြီး လက်မှတ်ထိုးတာနဲ့ ကြုံပါလေရော။
အဲ့ဘဲကြီးတွေက နေ့နေ့ညညအမြဲသောက်နေတဲ့ လူတွေ။ အဲ့နေ့ကျမှ သူ့တို့ထဲက ဘဲတယောက်ရဲ့ ဆော်က ဘစိုင်းလာမှာမို့ သူနဲ့ အပြင်မလိုက်နိုင်ဘူးပြောတော့ အဲ့ဘဲတွေက ဆော်မနိုင်ဘဲ ဘစိုင်းကို မဲကြတာပေါ့။
အဲ့တာနဲ့ ဝင်းလိုက်ကို လိုက်သွားပြီး ဘစိုင်းကို ဆဲဖို့ရာ ဟိုက လတ်မှတ်ထိုးပြီးလို့ ခနအနား သူတို့ကပ်သွားတဲ့အချိန်နဲ့တိုးတော့ သူတို့ ဘာပြောလိုက်တယ်မှတ်လဲ။
ဟာ ငါညီတို့က နေ့ခင်းကြီး ကောင်းလာတာကိုးကွ၊ အကိုလည်း တခါတလောက်တော့ အလုပ်တွေမလုပ်ဘဲ မင်းတို့လို လွတ်လွတ်နေချင်မိတယ်ကွာ။ အခုရော ဘယ်သူ့ကို လိုက်ပိုတာလဲတဲ့။ ဘာပဲဖြစ်ဖြစ် အကို့ပွဲလာတာ ကျေးဇူးပါတဲ့၊
အဲ့စကားနဲ့ အဲ့ဘဲကြီးတွေ ဘစိုင်းဖန်ဖြစ်ကုန်တော့တာပဲ။ ဘစိုင်းရဲ့ PR ကောင်းတာက တကယ်ကြီးကိုလက်လန်တယ်။
အချိုကြိုက်တဲ့သူကို အချိုကျွေး၊ အချဉ်ကြိုက်တဲ့သူ အချဉ်ကျွေး ပေါင်းရမှန်း လူတိုင်းနည်းပါး သိပေမယ့် ဘစိုင်းကျ တွေ့လိုက်တဲ့ ခနအတွင်းကို ဒီလူဘာကြိုက်မှန်းတန်းသိတာ။”

စိုင်းစိုင်းကတော့ အသက် (၄၀) ပြည့်သွားပြီဆိုပေမယ့် လူငယ်လေးတစ်ယောက်လို တက်ကြွနေတုန်းပဲနော်။ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ ကိုစိုင်းရဲ့အကြောင်းတွေကိုပြောမယ်ဆိုရင်တော့ဖြင့် ပြောမဆုံးပေါင် တောသုံးထောင်ရှိနေတော့မှာပါပဲ။

Ref: shweyee.win
Mia (momolay)

Facebook Comments

admin

error: Content is protected !!