ဖြူစင်အေးချမ်းပြီး အရမ်းကိုချစ်စရာကောင်းနေတဲ့ ထိပ်ထိပ်လေးရဲ့ ကမ်းခြေစတိုင်

ပရိသတ်ကြီးရေ မင်သမီးချော ခိုင်သင်းကြည်တို့ မိသားစု၃ယောက်လေးဟာဆိုရင် အရမ်းကို သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးပါနော်။ခိုင်သင်းကြည်ရဲ့ တစ်ဦးတည်းသောသမီးလေး စံထိပ်ထားဦးလေးကလည်း မေမေ့ရဲ့ အနုပညာသွေးတွေအပြည့်စီဆင်းနေတာဖြစ်လို့ အနုပညာကိုဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ်။ထိပ်ထိပ်လေးက ဆယ်ကျော်သက်အရွယ်လေးပဲ ရှိသေးတာကြောင့် မေမေက ပေါ့ပေါ့ပါးပါး ကြော်ငြာလေးတွေကိုသာ ရိုက်ကူးစေခဲ့ပါတယ်။

ထိပ်ထိပ်လေးက ကြော်ငြာတွေမှာဆိုရင်လည်း သူမရဲ့အိုင်တင်လေးတွေက အရမ်းကို ချစ်စရာကောင်းပါတယ်နော်။ခိုင်သင်းကြည်ကို ပရိသတ်တွေက ချစ်ခင်အားပေးသလို ထိပ်ထိပ်လေးကိုလည်း ချစ်ခင်အာပေးကြပါတယ်။ထိပ်ထိပ်လေးက ဖြူစင်ရိုးသားပြီး သဘောထားလေးပြည့်ဝတဲ့သူတစ်ယောက်ဖြစ်လို့ လူချစ်လူခင်ပေါများတဲ့ မိန်းကလေးတစ်ယောက်ပါနော်။ထိပ်ထိပ်လေးက ချစ်စရာကောင်းပြီး ရိုးရိုးရှင်းရှင်းအလှတရားလေးကိုပိုင်ဆိုင်ထားလို့ ဘယ်သူနဲ့မှမတူ တမူထူးခြားတဲ့ အလှပိုင်ရှင်လေးပါ။

ခိုင်သင်းကြည်တို့ မိသားစုလေးက မိသားစုချင်း ပျော်ရွှင်အောင်ထားသလို မေတ္တာဓာတ်နဲ့လည်း လွှမ်းခြုံထားလို့ အေးချမ်းတဲ့မိသားစုလေးပါ။မခိုင်လေးတို့မိသားစုက တစ်ခါတစ်လေမှာ စိတ်အပန်းဖြေရအောင် ခရီးလေးတွေ ထွက်တတ်ပြီး ဒီနှစ်သင်္ကြန်မှာလည်း မိသားစု၃ယောက်လုံး နိုင်ငံခြားခရီးစဉ်လေးတစ်ခု ထွက်နေကြပါတယ်။မိသားစု၃ယောက်လုံး ပျော်ရွှင်စွာ ဖြတ်သန်းနေကြပြီး နေရာအနှံ့ကိုလည်ပတ်ကြကာ ဓာတ်ပုံလှလှလေးတွေလည်း ရိုက်နေကြပါတယ်။အခုဆိုရင်တော့ ထိပ်ထိပ်လေးရဲ့ ချစ်စရာကောင်းတဲ့ ကမ်းခြေစတိုင်လေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Source:San Htate Htar Oo

Facebook Comments

admin

error: Content is protected !!