သီချင်းဆိုမယ့် မဏ္ဍပ်ကို အချိန်မီရောက်ဖို့ စက်ဘီးတတန် လှေတတန် သွားခဲ့ရတဲ့ စိုင်းစိုင်းခမ်းလှိုင်

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ သရုပ်ဆောင်နဲ့အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့အနုပညာရှင်သက်တမ်းတစ်လျှောက်မှာ အောင်မြင်မှုများစွာ ဆွတ်ခူးရရှိခဲ့သူတစ်ဦးပါ။ စိုင်းစိုင်းခမ်းလှိုင်က သီချင်းဆိုကောင်းရုံသာမကပဲ သရုပ်ဆောင်လဲကောင်းမွန်သူတစ်ဦးပါ။ စိုင်းစိုင်းခမ်းလှိုင်ကို အားပေးကြတဲ့ ပရိသတ်တွေကလဲ အနယ်နယ်အရပ်ရပ်မှာ အများအပြား အခိုင်အမာနဲ့ အသက်အရွယ်မျိုးစုံ ရှိနေတာပဲဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က ဒီနှစ်သင်္ကြန်ကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ သီချင်းတွေ ဆိုရင်း ပရိသတ်တွေနဲ့အတူတူ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ သင်္ကြန်လေးရက်စလုံး ရန်ကုန်နဲ့ မန္တလေးကို ကူးချည်သန်းချည်နဲ့ သီချင်းတွေဆိုရင်း ဖျော်ဖြေပေးခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်က ဒီကနေ့ အတက်နေ့မှာတော့ တော်တော်လေး ပင်ပန်းသွားတဲ့ ပုံပါပဲ။

စိုင်းစိုင်းက သူ့ရဲ့သင်္ကြန်ဖြတ်သန်းခဲ့ပုံကို “အပင်ပန်းဆုံးသင်္ကြန် အကြိုနေ့မနက် လေယာဉ်နဲ့ မန္တလေးကိုဒိုးတယ်။ မန္တလေးမြို့တော်မဏ္ဍပ်မှာဆိုတယ်။ မဏ္ဍပ်သိမ်းတဲ့အချိန် နောက်တစ်ခေါက်ထပ်ဆိုတယ်။ မဏ္ဍပ်ပေါ်မှာရုပ်ရှင်ရုပ်ရှင်ဆက်ရိုက်တယ်။ အကျနေ့နေ့လည် MAF မှာ surprise လုပ်ပြီး သွားဆိုတယ်။ အကျနေ့ည မြို့တော်မဏ္ဍပ်မှာ ထပ်ဖျော်ဖြေတယ်။ ညသန်းခေါင် မဏ္ဍပ်ပိတ်ချိန်မှာ ရုပ်ရှင်ဆက်ရိုက်တယ်။”

“အကြတ်နေ့မနက်အစောဆုံးလေယာဉ်နဲ့ ရန်ကုန်ပြန်လာတယ်။ အကြတ်နေ့နေ့လည် ပြည်လမ်း BlackJack မှာ ဆိုတယ်။ ဆိုပြီးတော့ အိမ်မပြန်ဘဲ မဏ္ဍပ်မှာပဲဆက်ကဲတယ်။ အတက်နေ့နေ့လည် မြကျွန်းသာ Channel K မှာဆိုဖို့သွားတယ်။ ယာဉ်ကြောထဲမှာ တစ်နာရီကျော်ပိတ်မိနေတော့ အချိန်မမှီတော့ဘူး။ ဒါနဲ့ တွေ့တဲ့စက်ဘီးငှားပြီး လူရှင်းတဲ့နေရာမှာစီး လူတွေများရင်ဆင်းတွန်း ( ကျနော့်ကိုချစ်ကြတော့ လူတိုင်းက ဝိုင်းပြီးကူညီကြတယ် ကန်ဘောင်ပေါ်သွားလိုက်တဲ့အချိန်မှာ ပီတိအကြီးကြီးရတယ် အားလုံးရဲ့ ချစ်ခြင်းကို ခံစားရလို့ ) မြကျွန်းသာထိပ်ရောက်တော့ လှေနဲ့ဆက်သွားပြီးတော့ ဆိုတယ်။ အပြန်လည်း ထိုနည်း၎င်းပါပဲ ခု အိမ်ရောက်ပြီ။ ဟူး မောတာဗျာ ဒါပဲနော် မဏ္ဍပ်သွားလိုက်ဦးမယ် ဟိုမှာ ဘော်ဒါတွေစောင့်နေပြီ”

“ပိုက်ဆံရလို့ လိုက်ဆိုနေတယ် မထင်ကြပါနဲ့ဦး လက်မှတ်ရောင်းတဲ့ Blackjack ကလွဲလို့ ကျန်တာအားလုံးFree ချည်းပဲ ဆိုချင်လို့လိုက်ဆိုနေတာ Channel K ကတော့ မုန့်ဖိုးပေးမယ်ပြောတယ် အဟေးဟေးဟေး” ဆိုပြီး သူ့ရဲ့ သင်္ကြန်ဖြတ်သန်းမှုတွေကိုအားရပါးရ ပြောပြခဲ့ပါတယ်။ စိုင်းစိုင်းကတော့ သူချစ်တဲ့ သီချင်းတွေ ဆိုနေရရင် ဘယ်လောက်ပင်ပန်းပန်း မမှုတဲ့ ပုံပါပဲ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source:Momolay

Facebook Comments

admin

error: Content is protected !!