အင်းယျားကန်ဘောင်မှာ ပုသိမ်ထီးနဲ့ ဓာတ်ပုံရိုက်ခဲ့တဲ့အဖြစ်ကို ပြန်လည်ရှင်းပြခဲ့တဲ့ သင်းသင်းတို့ သူငယ်ချင်းတစ်စု

သင်္ကြန်အကြတ်နေ့က အင်းယျားကန်ဘောင်မှာ အလှဆင်ထားတဲ့ ပုသိမ်ထီးတွေ ဖြုတ်ယူခံရတဲ့ ကိစ္စနဲ့ ပက်သက်ပြီး တော်တော်လေး ဂယက်ထခဲ့ပါသေးတယ်။ အလှမယ် သင်းသင်းတို့ သူငယ်ချင်းတစ်စုကလဲ အင်းယျားကန်ဘောင်မှာ ပုသိမ်ထီးတွေနဲ့ ဓာတ်ပုံရိုက်ခဲ့လို့ ပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံခဲ့ရပါတယ်။ ဒီနေ့မှာတော့ သင်းသင်းနဲ့အတူတူ ဓာတ်ပုံရိုက်ကူးခဲ့တဲ့ အလှမယ် မြသက်အောင်ကတော့ အဖြစ်မှန်ကို အခုလိုပဲ ဖြေရှင်းထားပါတယ်။

“ယခုလက်ရှိ ရန်ကုန်မြို့အင်းလျားကန်ဘောင် ပေါ်တွင် အလှပြပြင်ဆင်ထားသော ပုသိမ်ထီးများ ပျက်စီးပျောက်ဆုံးမှုများနှင့်ပတ်သတ်၍.. အချို့သော သတင်းမီဒီယာ page များနှင့် facebook Acc များစွာ က ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် ပြင်းထန်စွာ ဝေဖန် ပုတ်ခတ်စော်ကားရေးသားမှုများ ကို စိတ်မကောင်းစွာဖြင့် တွေ့မြင်ရ၍ များစွာ စိတ်မကောင်းဖြစ်မိပါတယ်ရှင်”

“ကျွန်မသည် နိုင်ငံဝန်ထမ်းတဦးဖြစ်သည့် အပြင် 2018 အိုလံပစ်အလှမယ်, Queen of The World (Season-2 ,senior cassic winner) အလှမယ် တဦးလည်းဖြစ်ပါသည်.. မြန်မာ့ဓလေ့ နှင့် မြန်မာ့နှစ်သစ် အငွေ့အသက်များကို နှစ်ခြိုက်သဘောကြမိ၍ကြိုတင်စီစဉ်ပြီး ငွေဖလား ,ပိတောက်ပန်းများနှင့် ပုသိမ်ထီးနှစ်လက်, မြန်မာဝတ်စုံဖြင့် ရိုးသားစွာ အမှတ်တရ ရိုက်ကူးခဲ့ခြင်းသာဖြစ် ပါသည်.”

“မိမိရိုက်ကူးထားသော နေ့ရက်မှာလည်း (14.4.2019) မနက်ပိုင်းတွင် ရိုက်ကူးထားခြင်းဖြစ်ပြီး ….ပုံများတွင်လည်း ပုသိမ်ထီးများပြင်ဆင်မှုမှာ အကောင်းပကတိရှိနေသည်ကို မြင်တွေနိုင်ပါသည်… မိမိရိုက်ကူးထားသော ကိုယ်ပိုင်ပုံများ ကိုသုံးစွဲပီး ဂုဏ်သိက္ခာကျစေရန် ရေးသားနေခြင်းများသာဖြစ်ပါသည်”

“မိမိလက်တွဲလုပ်ဆောင်နေသော မိခင် Organization ၏ ဂုဏ်သိက္ခာ နှင့်  မိမိတာဝန်ထမ်းဆောင်နေသော နိုင်ငံဝန်ထမ်း ၏ပုံရိပ်များ အားထိခိုက်စော်ကားထားသော ရေးသားထားခြင်းများကို လုံးဝ သီးခံနေမည်မဟုတ်ကြောင်းနှင့်ဆက်လက်လုပ်ဆောင်နေပါက သက်ဆိုင်ရာ တရားဥပဒေ များဖြင့် သာဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်ရှင် ” ဆိုပြီး အလှမယ် မြသက်အောင်က ပြောပြထားပါတယ်။

သင်းသင်းနဲ့ မြသက်အောင်တို့လို လူသိများတဲ့ အလှမယ်တွေအနေနဲ့ကတော့ အခုလို စည်းကမ်းမဲ့တဲ့ လုပ်ရပ်မျိုးကို မလုပ်ဖူးဆိုတာကို မိုမိုလေးမှ ယုံကြည်ပါတယ်။ ပရိသတ်ကြီးလဲ အခုဆိုရင် အကြောင်းစုံကို သိပြီမို့ နားလည်သဘောပေါက်သွားလောက်ပြီ ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Momolay

Facebook Comments

admin

error: Content is protected !!