နှစ်ဆန်းတစ်ရက်နေ့လေးမှာ ချစ်သူနဲ့အတူခိုစားကျွေးရင်း ကုသိုလ်ကောင်းမှုတွေနဲ့ အစပျိုးလိုက်တဲ့ မအေးသောင်း

ပရိသတ်အချစ်တော် မအေးသောင်းကတော့ အနုပညာလောကထဲကို ပြန်လည်ခြေချခဲ့တာ မကြာသေးပေမယ့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကတော့ ဟိုးအရင်ကထက်တောင် ပိုပြီးများပြားလာပါတယ်။အေးဝတ်ရည်သောင်းက တစ်ခေတ်တစ်ခါတည်းက အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့ပေမယ့် ခဏလောက် အနုပညာအလုပ်တွေနဲ့စိမ်းသက်သွားခဲ့ပါတယ်။ယခုချိန်မှာတော့ ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးနေပြီး ကြော်ငြာတွေလည်း ပြန်လည်ရိုက်ကူးနေတာကိုတွေ့ရပါတယ်။

အေးသောင်းရဲ့ အိုင်တင်သရုပ်ဆောင်ချက်တွေကတော့ နှစ်တွေဘယ်လိုပြောင်းပြောင်း ဘယ်လောက်ကြာကြာ ဟိုးအရင်တုန်းကလိုပဲ ပိုင်နိုင်တိကျတဲ့အိုင်တင်တွေနဲ့ ပရိသတ်တွေကို ဇာတ်ကားအဆုံးထိဆွဲခေါ်သွားနေတာဖြစ်ပါတယ်။အေးသောင်းက အခုဆိုရင် အရင်ကထက် အများကြီးပိုလှလာပြီး အရမ်းလှတဲ့ခန္ဓာကိုယ်လေးမှာ မြန်မာဝတ်စုံလေးဆင်မြန်းရင် မိန်းကလေးချင်းလည်ပြန်ငေးရလောက်အောင် လှလွန်းတာဖြစ်ပါတယ်။အေးသောင်းက ပုရိသတွေကြားမှာလည်း အရမ်းကိုရေပန်းစားပြီး သူမရဲ့အလှတွေကို ချီးကျူးနေကြတာပါ။

အခုဆိုရင်တော့ အေးသောင်းက မြန်မာ့နှစ်ကူးအတာသင်္ကြန်ပွဲတော်ကို သင်္ကြန်မတိုင်ခင် တစ်ရက်လောက်အလိုကတည်းက သူမတို့မိသားစုက စတုဒီသာကျွေးမွေးကာ ကုသိုလ်ယူခဲ့ကြပါတယ်။အေးသောင်းကတော့ သင်္ကြန်အကြိုနေ့ကတည်းက နောက်ဆုံးနေ့အထိ အလန်းစားဒီဇိုင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ရေကစားခဲ့တာကို တွေ့ခဲ့ရမှာပါနော်။အခု နှစ်ဆန်းတစ်ရက်နေ့မှာလည်း ကောင်းမှုကုသိုလ်တွေ ပြုလုပ်ဦးမှာဖြစ်ပြီး ယခုဆိုရင်တော့ ခိုစာကျွေးရင်းချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေထားပါတယ်နော်။

Source:Aye Thaung

Facebook Comments

admin

error: Content is protected !!