သင်္ကြန်နောက်ဆုံးနေ့လေးမှာ ခက်မိုက်မိုက်စတိုင်လေးနဲ့ အရမ်းကိုလန်းနေတဲ့ ချစ်သက်

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီသက်မွန်မြင့်ကတော့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာကတည်းက အရပ်မြင့်မြင့် ခန္ဓာကိုယ်လှလှနဲ့ ချစ်စရာမျက်နှာလေးက တစ်ခြားမင်းသမီးတွေနဲ့မတူဘဲ တစ်မျိုးလေးထူးခြားပါတယ်။သက်မွန်က တိုင်းရင်းသူလည်းဖြစ်တာကြောင့် စကားသံဝဲဝဲလေးကလည်း အရမ်းချစ်ဖို့ကောင်းပါတယ်နော်။သက်မွန် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေဟာဆိုရင်လည်း ပရိသတ်ရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတာကြောင့် သက်မွန်ကိုချစ်တဲ့ ပရိသတ်တွေကတော့ အများကြီးပါပဲနော်။

သက်မွန်က အိမ်ထောင်တစ်ခုကိုတည်ဆောက်လိုက်ပြီး အခုဆို သားတစ်ယောက် သမီးတစ်ယောက်ရှိနေပြီဖြစ်လို့ အေးချမ်းတဲ့မိသားစုလေးပါ။ချင်ခင်ပွန်းကလည်း သက်မွန်ကို အရာရာနားလည်မှုပေးပြီး ဦးဆောင်လမ်းပြပေးတဲ့သူတစ်ယောက်ဖြစ်လို့ သက်မွန်အတွက်ခင်ပွန်းကောင်းဖြစ်ပါတယ်။သက်မွန်ရဲ့သားနဲ့သမီးကလည်း အချောလေးတွေဖြစ်ပြီး ချစ်စရာကောင်းကြတဲ့ကလေးတွေဖြစ်လို့ လူချစ်လူခင်ပေါကြပါတယ်။သက်မွန်က မိသားစုကို လုံလောက်စွာ အချိန်ပေးနေတာကြောင့် အနုပညာအလုပ်တွေကိုတော့ ဖြည်းဖြည်းမှန်မှန်နဲ့လုပ်ဆောင်နေဆဲပါ။

သက်မွန်ရဲ့ 2019 သင်္ကြန်ကတော့ မိသားစုနဲအတူအလှူအတန်းလည်းလုပ်ရင်း သူငယ်ချင်းတွေနဲ့လည်း ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပါတယ်။သက်မွန်ရဲ့ သင်္ကြန်စတိုင်ကလည်း အရမ်းမိုက်နေပြီး ကလေးအမေလို့ပြောဖို့ခက်လောက်အောင် အရမ်းလှနေပါတယ်။ပရိသတ်တွေကိုလည်း သီချင်းများစွာနဲ့ ဖျော်ဖြေခဲ့ပြီး စိတ်တူကိုယ်တူ သူငယ်ချင်းတွေကလည်း တက်ညီလက်ညီနဲ့ အတူတူ ကဲခဲ့ကြပါတယ်။မနေ့က နောက်ဆုံးသင်္ကြန်အတက်နေ့လေးမှာလည်း သက်မွန်က သူငယ်ချင်းတွေနဲ့အတူ သီချင်းတွေဖျော်ဖြေခဲ့ကာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Facebook Comments

admin

error: Content is protected !!