ဒီကနေ့ အသက် (၅၂) နှစ်ပြည့် မွေးနေ့အလှူအဖြစ် ဒံပေါက် နှင့် ရေခဲမုန့် စတုဒီသာကျွေးခဲ့တဲ့ ခင်လှိုင်

ပရိသတ်တွေရဲ့ အသည်းကျော်အနပညာရှင်ကြီး ခင်လှိုင်ကတော့ အောင်မြင်နေတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ဇာတ်ရုပ်အမျိုးမျိုး သရုပ်ဆောင်ချက်အမျိုးမျိုးကို ကျွမ်းကျင်ပိုင်နိုင်တဲ့ အနပညာရှင် တစ်ယောက်ပဲ ဖြစ်ပြီး စွယ်စုံရပြည်သူချစ် ဟာသသရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့ကတော့ ခင်လှိုင် ရဲ့ အသက် (၅၂) နှစ်ပြည့် မွေးနေ့ပဲဖြစ်ပါတယ်။ ဒီကနေ့ ဧပြီလ (၁၇) ရက်၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့ က ရန်ကုန်မြို့၊ သုဝဏ္ဏ၊ ပေါ်ဆန်းမွှေးလမ်းရှိ နေအိမ်မှာ မွေးနေ့အလှူ ပြုလုပ်ခဲ့ပါတယ်။ သရုပ်ဆောင် ခင်လှိုင် က ဒံပေါက် နှင့် ရေခဲမုန့် ကို စတုဒီသာအလှူအဖြစ် ကျွေးမွေးဧည့်ခံခဲ့ပါတယ်။

ပရိသတ်ကြီးအတွက် သရုပ်ဆောင်ခင်လှိုင်ရဲ့ ဒံပေါက် နှင့် ရေခဲမုန့် ကို စတုဒီသာအလှူပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကခဲ ခင်လှိုင်အတွက်မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။

Photo Source : Myanmar Celebrity

Facebook Comments

admin

error: Content is protected !!