ဒီကနေ့ နှစ်သစ်ကူးအလှူအဖြစ် အနှေးယာဉ် မောင်းနှင်သူများအတွက် ထီးလှူခဲ့တဲ့ ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေ

အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေထဲက မှ ဝါရင့်သရုပ်ဆောင်မင်းသမီးတစ်လက်ဖြစ်တဲ့ ခိုင်နှင်းဝေက လက်ရှိမှာဆိုရင် ပရဟိတ လုပ်ငန်းတွေကို ကိုယ်တိုင် ကိုယ့်ခြေကိုယ်လက်ဖြင့် အားကျိုးမာန်တက် ဆောင်ရွက်ပေးလျက်ရှိတဲ့ ပရဟိတ မင်းသမီးလေးအဖြစ် နာမည်ကျော်ကြားသူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို တတ်နိုင်သလောက်လုပ်ရင်း ပရဟိတအကျိုးတော်ဆောင် တစ်ယောက်အဖြင့် လိုအပ်နေတဲ့ သူတွေအတွက် ကူညီစောင့်ရှောက်ပေးနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

ဒီကနေ့ နှစ်သစ်ကူးမှာတော့ အနှေးယာဉ် မောင်းနှင်သူများအတွက် ခိုင်နှင်းဝေက ထီးများလှူခဲ့တာပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေက”ကျွန်မတို့ အဲကွန်းလေးနဲ့ ကားစီးပြီး အမြဲ သွားနေရတဲ့ သူတွေတောင် နွေရာသီရဲ့ အပူဒဏ်ကို ပြင်းထန်စွာခံစားနေရတာ။ တစ်ေနကုန်နေပူထဲမှာ ဆိုက်ကားနင်းနေရတဲ့ ကာယလုပ်သားတွေဘယ်လောက်တောင် ပူလိုက်မလဲဆိုတဲ့ စိတ်ကူးနဲ့ ဆိုက်ကားအစီးရေ (၃၀) အတွက် ဆိုက်ကားထီး အချောင်း (၃၀) တပ်ဆင် လှူဒါန်းပေးခဲ့ပါတယ်” လို့ Facebook စာမျက်နှာပေါ်မှာ အလှူဒါနပြုစာ ကို ရေးသားခဲ့ပါတယ်။

ပရိသတ်ကြီးအတွက် ခိုင်နှင်းဝေရဲ့ နှစ်သစ်ကူးအလှူလေးကို သာဓုခေါ်နိုင်အောင်ဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ ခိုင်နှင်းဝေကိုချစ်ရင် Share ပေးသွားကြပါဦးနော်။

Photo Source : myanmar celebrity

Facebook Comments

admin

error: Content is protected !!