ထွန်းထွန်းအတွက် စင်နောက်မှာ ဟာမိုနီလိုက်ပေးရင်း မျက်နှာပြောင်ခဲ့ကြတဲ့ နေတိုးနဲ့ မင်းမော်ကွန်းတို့ ဗီဒီယို

(၂၀၁၉) ခုနှစ်ရဲ့ အတာသင်္ကြန်ပွဲတော်ကြီးကတော့ ပျော်ပျော်ရွှင်ရွင်နဲ့ ပြီးဆုံးသွားပြီပဲ ဖြစ်ပါတယ်။ သင်္ကြန်တွင်းကာလမှာ အနုပညာရှင်တွေက မဏ္ဍပ်အသီးသီးမှာ ဖျော်ဖြေတင်ဆက်ပေးခဲ့ကြသလို နေတိုး၊ ကျော်ကျော်ဗို၊ မင်းမော်ကွန်းနဲ့ ထွန်းထွန်းတို့ နှင်းဆီအဖွဲ့သားတွေကလဲ နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်မှာ ဖျော်ဖြေပေးခဲ့ကြတာ ဖြစ်ပါတယ်။ နှင်းဆီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရဲလေးကတော့ ရန်ကုန်မြို့မှာ သီချင်းဆိုဖျော်ဖြေပေးနေတာကြောင့် လိုက်မလာခဲ့ပါဘူး။

နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗိုနဲ့ ထွန်းထွန်းတို့ကတော့ သီချင်းတွေ ပျော်ပျော်ရွှင်ရွှင် သီဆိုရင်း နေပြည်တော်မြို့က ပရိသတ်တွေကို ဖျော်ဖြေပေးခဲ့ကြတာ ဖြစ်ပါတယ်။

ထွန်းထွန်းရဲ့ အလှည့်မှာတော့ နေတိုးနဲ့ မင်းမော်ကွန်းတို့က စတိတ်စင်နောက်မှာ ဟာမိုနီလိုက်ပေးရင်း မျက်နှာတွေပြောင်ခဲ့ပါတယ်။ ပရိသတ်တွေအတွက် နေတိုးနဲ့ မင်းမော်ကွန်းတို့ရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

ထွန်းထွန်းအတွက် စင်နောက်မှာ ဟာမိုနီလိုက်ပေးရင်း မျက်နှာပြောင်ခဲ့ကြတဲ့ နေတိုးနဲ့ မင်းမော်ကွန်း

နေတိုးနဲ့ မင်းမော်ကွန်းတို့က အနေအေးမလိုလိုနဲ့ တကယ့်ကို လူနောက်တွေပဲနော်။ နှင်းဆီအဖွဲ့သားတွေကတော့ သင်္ကြန်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖျော်ဖြေပေးခဲ့ကြတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ အခုတင်ဆက်ပေးလိုက်တဲ့ ဗီဒီယိုလေးကို သဘောကျကြိုက်နှစ်သက်မယ်ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source : momolay

Facebook Comments

admin

error: Content is protected !!