ဘုရားသွားကျောင်းတက် ကုသိုလ်ယူနေတဲ့ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အေးချမ်းစေတဲ့ ဟဲဗီးဖြိုး

ကလေးသရုပ်ဆောင်အဖြစ် ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတ ပြည်သူချစ်အနုပညာရှင်ဆယ်လီတွေထဲမှာ သရုပ်ဆောင်မင်းသားချောလေး ဟဲဗီးဖြိုးကလည်း အပါအဝင်ပါပဲ..။

အေးချမ်းပြီး ချစ်စရာကောင်းသလို သရုပ်ဆောင်ပိုင်နိုင်မှုတွေကလည်း အရွယ်နဲ့မမျှအောင် ဇာတ်ရုပ်တွေကို လိုက်ဖက်ညီ ကျွမ်းကျင်လွန်းတာမို့ ပရိသတ်တွေက အမြဲအချစ်ပိုခဲ့ရသူလည်း ဖြစ်ပါတယ်..။

အကြောင်းအမျိုးမျိုးကြောင့် အနုပညာအလုပ်တွေ နည်းပါးနေပေမယ့် လှုပ်ရှားမှု ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေကို အမြဲမျှဝေလေ့ရှိပြီး ပရိသတ်တွေကလည်း ယနေ့အချိန်ထိ တခဲနက် အားပေးချစ်ခင်နေကြတာလည်း တွေ့ရပါတယ်နော်..။

ပရိသတ်တွေရဲ့ အချစ်တော်လေး ဟဲဗီးဖြိုးကတော့ ပရိသတ်တွေရဲ့ မျက်စိရှေ့မှာတင် အခုဆိုရင်အသက်(၂၃)နှစ်ကိုတောင် ရောက်ရှိလာပြီး လူငယ်သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်နော်..။

လှုပ်ရှားမှုပုံရိပ်လေးတွေကို ပရိသတ်တွေကို အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း ဘုရားသွားကျောင်းတက်ကုသိုလ်ယူနေတဲ့ အေးချမ်းတဲ့ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အေးချမ်းစေတာလည်း တွေ့ရပါတယ်နော်..။

ဘုရားဖူးကုသိုလ်ယူနေတဲ့ သရုပ်ဆောင်မင်းသားချောလေး ဟဲဗီးဖြိုးရဲ့ အေးချမ်းတဲ့ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ ကျေနပ်ကြလိမ့်မယ်လို့ ထင်ပါတယ်နော်..။

Photo – ဟဲဗီးဖြိုး

Facebook Comments

admin

error: Content is protected !!