ဘာလီကျွန်းမှာ ရေကူးပြီး အပန်းဖြေအနားယူနေကြတဲ့ ခင်ဇာခြည်ကျော်တို့ သားအမိနှစ်ယောက်

ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချော ခင်ဇာခြည်ကျော်ကတော့ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး အနုပညာလောကမှာ အချိန်အတော်ကြာ ရပ်တည်အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ရတဲ့ ခင်ဇာခြည်ကျော်က လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ကျက်သရေရှိပြီး တည်ငြိမ်အေးချမ်းတဲ့ အလှပိုင်ရှင် ခင်ဇာခြည်ကျော်က အရွယ်တင်နုပျိုလှပသူလည်း ဖြစ်ပါတယ်။

ခင်ဇာခြည်ကျော်က သားတစ်ယောက် ၊ သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ Single Mother တစ်ယောက်လည်း ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်ရဲ့ သားနဲ့သမီးကလည်း အမေတူ အချောလေးတွေ ဖြစ်ကြတာကြောင့် ပရိသတ်တွေက ဝိုင်းအားပေးနေပြီး အချစ်ပိုနေကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ခင်ဇာခြည်ကျော်က သမီးငယ်လေး ထင်သစ္စာနဲ့အတူ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းကို အပန်းဖြေခရီး ရောက်ရှိနေတာ တွေ့ရပါတယ်။

ခင်ဇာခြည်ကျော်တို့ သားအမိနှစ်ယောက်က ဘာလီကျွန်းတစ်ခွင် စိတ်ကြိုက်လည်ပတ်နေကြပြီး အရမ်းကို ပျော်ရွှင်နေကြတာ ဖြစ်ပါတယ်။ အခုလည်း ခင်ဇာခြည်ကျော်က သားအမိနှစ်ယောက် အတူတူရေကူးနေတဲ့ အမှတ်တရပုံလေးတွေကိုလည်း တင်ထားပါတယ်။ ခင်ဇာခြည်ကျော်က သမီးလေးနဲ့ ညီအစ်မတွေလို့ ထင်ရလောက်အောင် ရေကူးဝတ်စုံလေးနဲ့ အရမ်းကို လှနေတာလည်း တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဘာလီကျွန်းကို ရောက်ရှိနေတဲ့ ခင်ဇာခြည်ကျော်တို့ သားအမိရဲ့ ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Khinzar Chikyaw Zar

Facebook Comments

admin

error: Content is protected !!