လေယာဉ်မှူး ဦးမြတ်မိုးအောင်အား အသက်သခင်ကျေးဇူးရှင်အဖြစ် ဂါရဝပြုကန်တော့ခဲ့တဲ့ စည်သူမောင်

မေ ၁၂ ရက်နေ့မနက် MNA လေယဉ်မတော်တဆဖြစ်စဉ်နဲ့ ပတ်သက်ပြီး လေယာဉ်မှူးကြီး Capt ဦးမြတ်မိုးအောင်ရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ ဖြတ်ထိုးဥာဏ်ကောင်းမှုကြောင့် ခရီးသည်တွေအားလုံး ဘေးအန္တရာယ်ကင်းစွာနဲ့ မြေပြင်ပေါ်ကို ပြန်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ Capt ဦးမြတ်မိုးအောင်ရဲ့ သူရဲကောင်းလုပ်ရပ်က မြန်မာမှာသာမက နိုင်ငံအရပ်ရပ်က သတင်းတွေမှာ ထည့်သွင်းဖော်ပြခံနေရတာဖြစ်ပြီး လူအများရဲ့ ချီးကျူးခြင်း ခံနေရတာပဲ ဖြစ်ပါတယ်။

ထို မတော်တဆမှုဖြစ်တဲ့ လေယာဉ်မှာ သရုပ်ဆောင်များဖြစ်တဲ့ နေမင်း၊ စည်သူမောင်၊ ခင်လေးနွယ်၊ ယုသန္တာတင်တို့လဲ စီးနင်းလိုက်ပါခဲ့ကြတာပဲ ဖြစ်ပါတယ်။ Capt ဦးမြတ်မိုးအောင်နဲ့ လေယာဉ်ပေါ်က ဝန်ထမ်းတွေ အားလုံးရဲ့ ကျေးဇူးကြောင့် စည်သူမောင်တို့ သူငယ်ချင်းတစ်စုကလဲ အသက်အန္တရာယ်မှ လွတ်ကင်းခဲ့ရတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ သရုပ်ဆောင် စည်သူမောင်က Capt ဦးမြတ်မိုးအောင်အား သူ့ရဲ့ အသက်သခင် ကျေးဇူးရှင်အဖြစ် ဂာရဝပြု ကန်တော့ခဲ့ပါတယ်။ ဒါ့အပြင် လေယာဉ်ပေါ်မှာ လိုက်ပါစီးနင်းခဲ့တဲ့ ခရီးသည်တွေ အားလုံးက Capt ဦးမြတ်မိုးအောင်နဲ့ အဖွဲ့ကို အထူးကျေးဇူးတင်ဂုဏ်ပြုပွဲလေးတစ်ပွဲ မကြာခင်မှာကျင်းပပေးမယ်လို့လဲ သိရပါတယ်။

ကျေးဇူးရှင်ကို ကျေးဇူးသိတတ်ပြီး အခုလို ဂါရဝပြုကန်တော့ခဲ့တဲ့ စည်သူမောင်ရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာပါပဲနော်။ Capt ဦးမြတ်မိုးအောင်လဲ တော်တော်လေးပီတိဖြစ် ကျေနပ်နေမယ်လို့ မျှော်လင့်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Si Thu Maung’s

Facebook Comments

admin

error: Content is protected !!