သဲလေး ချစ်လားဆိုပြီး ကောင်မလေးတွေကို စ နေတဲ့ ကိုကြီး သင်ဇာဝင့်ကျော်ရဲ့ဗီဒီယို

ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ အနုပညာလောကထဲမှာ နှစ်ပေါင်းများစွာ ရပ်တည်နေတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ သူမရဲ့စန်းကြောင့် ဒီနေ့ထိတိုင် အားပေးကြတဲ့ ပရိသတ်တွေ ထုနဲ့ထေး ရှိနေတာပါ။ အမြဲလိုလို ညှို့အားပြင်းပုံရိပ်တွေနဲ့ ပရိသတ်တွေကို ရင်ခုန်သံမြန်စေခဲ့တဲ့ သင်ဇာလေးကတော့ လတ်တလောမှာ ဖုန်းထဲက Effect တွေနဲ့ နှုတ်ခမ်းမွှေးတွေ မုတ်ဆိတ်မွှေးတွေနဲ့ ယောက်ျားကြီးတစ်ယောက်လိုလုပ်ထားတဲ့ ဗီဒီယိုလေးကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် ကောင်မလေးတွေကို ခနဲ့တဲ့တဲ့နဲ့ စ နေတဲ့ ကိုကြီး သင်ဇာဝင့်ကျော်ရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ကောင်မလေးတွေကို သဲလေး ချစ်လားဆိုပြီးတော့လည်း စနေတဲ့ သင်ဇာကတော့ တကယ့်ကို ယောက်ျားကြီးလိုပါပဲနော်။

သင်ဇာဝင့်ကျော်ကတော့ “သဲလေး ဟျောင့် ချစ်လား ဟျောင့်” ဆိုပြီ စစနောက်နောက်နဲ့ သူမရဲ့ဗီဒီယိုလေးကို အင်စတာဂရမ်မှာ တင်ထားတာပါ။

သဲလေး သဲလေးနဲ့ ကောင်မလေးတွေကို စနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ဗီဒီယို

သရုပ်​​ဆောင်​ပိုင်းမှာလည်း ကျရာဇတ်​ရုပ်​ကို ပီပြင်​​အောင်​ သရုပ်​​ဆောင်​နိုင်​တဲ့ သင်​ဇာဝင့်​​ကျော်​က​တော့ လက်​ရှိမှာ ရုပ်​ရှင်​ဇာတ်​ကားကြီး​တွေ ဆက်​တိုက်​ ရိုက်​ကူးဖြစ်​​နေပြီး တစ်​ခြား​သောအနုပညာအလုပ်​​တွေလည်း လုပ်​ဖြစ်​​နေတယ်​လို့ သိရပါတယ်​။ အချစ်ရေးမှာလည်း ကံကောင်းတဲ့ သင်ဇာလေးကတော့ လက်ရှိမှာလည်း သူမကို အရမ်းချစ်တဲ့ချစ်သူနဲ့ သာယာပျော်ရွှင်တဲ့ Relationship ကို တည်ဆောက်ထားပါသေးတယ်။ ချစ်​ပရိသတ်​​တွေလည်း ယောက်ျားလေးပုံစံနဲ့ အရမ်းကိုချစ်ဖို့ကောင်းတဲ့ သင်ဇာဝင့်ကျော်ကိုချစ်ရင် share ​သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Source : momolay

Facebook Comments

admin

error: Content is protected !!