ကျောင်းလာကြိုတဲ့ ဖေဖေနဲ့ မေမေကို လှည့်တောင်မကြည့်ပဲ လျှောက်သွားနေတဲ့ ခေတ်နဲ့သစ်

ပရိသတ်တွေ အားကျရတဲ့ လင်းလင်းနဲ့ ချစ်သုဝေက သာယာလှပပြီး နားလည်မှုအပြည့်အဝရှိတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူတွေ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေက အနုပညာလုပ်ငန်းမှာသာ အောင်မြင်မှုတွေ များစွာရရှိထားသလို အိမ်ထောင်တစ်ခုကိုလဲ အကောင်းဆုံး တည်ဆောက်ထားတာဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်တို့ကလဲ အရမ်းကိုချစ်စရာကောင်းပြီး လိမ္မာလွန်းတာကြောင့် ပရိသတ်တွေက အသည်းတုန်အောင် ချစ်နေရတာပဲ ဖြစ်ပါတယ်။

ခေတ်နဲ့သစ်တို့က အခုဆိုရင် (၂)နှစ်ကျော်အရွယ်ကို ရောက်နေပြီဖြစ်ပြီး ကျောင်းတက်နေကြပြီပဲ ဖြစ်ပါတယ်။ အရွယ်ငယ်သေးပေမယ့် ကျောင်းပျော်လေးတွေ ဖြစ်နေကြပြီဖြစ်တဲ့ ခေတ်နဲ့သစ်က ကျောင်းဆင်းချိန်မှာတော့ ဖေဖေ မေမေကို လှည့်တောင်မကြည့်ပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျောင်းဆင်းလာတာကို တွေ့ရပါတယ်။

စတိုင်လ်တစ်မျိုးစီနဲ့ ကျောင်းဆင်းလာတဲ့ ခေတ်နဲ့သစ်

ခေတ်နဲ့သစ်တို့က ဖေဖေ မေမေရဲ့ အုပ်ထိန်းမှုခေတ်မှာ တစ်နေ့တစ်ခြား လိမ္မာလာပြီး ချစ်စရာကောင်းနေကြတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လဲ ပရိသတ်တွေက ခေတ်နဲ့သစ်ရယ်လို့ သည်းသည်းလှုပ် ချစ်နေကြတာ ဖြစ်ပါတယ်။

ခေတ်နဲ့သစ်ကတော့ ကျောင်းပျော်လေးတွေ ဖြစ်နေတာ ဝမ်းသာစရာပဲနော်။ ဖေဖေလင်းလင်းခေါ်နေတာတောင် လှည့်မကြည့်ပဲ လျှောက်သွားနေတာ ချစ်စရာလေးနော်။ ပရိသတ်ကြီးလဲ ချစ်စရာကောင်းတဲ့ ခေတ်နဲ့သစ်တို့ရဲ့ ပုံရိပ်ကို သဘောကျ နှစ်ခြိုက်ကြမယ်လို့ ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Lin Lin’s fb

Facebook Comments

admin

error: Content is protected !!