“သားသမီးယုံ စုံလုံးကန်း” ပညာပေးဇာတ်လမ်းတိုလေးရိုက်ကူးထားတဲ့ ဖြူဖြူထွေးရဲ့ ဗီဒီယို

ဟာသ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်တဲ့ ဖြူဖြူထွေး ဟာဆိုရင် ဟာသတွေနဲ့ ပရိသတ်တွေ ကျေနပ်နှစ်သက်မှုရှိအောင် ဖျော်ဖြေတင်ဆက် ပေးနေဆဲဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ သူမကတော့ စကားပြောဆိုရာမှာလည်း အရမ်းရိုးသားပြီး ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ သူလေးတစ်ယောက်ဖြစ်တာကြောင့်ပါ ပရိသတ်အများက သဘောကျ အချစ်ပိုနေခဲ့ရတဲ့ သူလေးတစ်ယောက်ပါ။

အများရဲ့ သဘောကျ အချစ်ပိုမှုကို ရရှိထားခဲ့ရတဲ့ သူမကတော့ လတ်တလောမှာလည်း မိဘတွေရဲ့ အမွေတွေကိုသာလိုချင်ပြီး မိဘကို မပြုစုချင်ကြတဲ့ သားသမီးဆိုး သားသမီးမိုက်တွေအတွက် “သားသမီးယုံ စုံလုံးကန်း” ပညာပေး ဇာတ်လမ်းတိုလေး တစ်ပုဒ်ကို မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးရဲ့ ပညာပေး ဇာတ်လမ်းတိုလေးကိုကြည့်တဲ့ ကြည့်ရှုသူပရိသတ်အပေါင်းတို့က အရမ်းကို ဝမ်းနည်းမိပြီး မျက်ရည်ကျခဲ့ကြရတာပဲ ဖြစ်ပါတယ်။

မိဘတွေကို တန်ဖိုးမထားဘဲ အမွေတစ်ခုတည်းသာကြည့်ကြတဲ့ သားသမီးဆိုး သားသမီးမိုက်တွေအတွက် ” သားသမီးယုံ စုံလုံးကန်း” ပညာပေး ဇာတ်လမ်းတိုပေး မျှဝေပေးပြီး သတိပေးလိုက်တဲ့ ဖြူဖြူထွေးကတော့ “ဖြူဖြူထွေး မှ အစားထိုးလို့မရတဲ့ 😥 မိဘတွေကို တန်ဖိုးထားကြပါ မစွန့်ပစ်ကြပါနဲ့🙏🏼🙏🏼🙏🏼 ဇာတ်လမ်း အမည်_ သားသမီးယုံ စုံလုံးကန်း ဖြစ်ပါတယ်ရှင့်” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

မိဘကျေးဇူး နားမလည်ကြတဲ့ သားသမီးတွေအတွက် ပညာပေးဇာတ်လမ်းတိုလေး မျှဝေပေးလာခဲ့တဲ့ ဖြူဖြူထွေးရဲ့ Video File လေးကတော့ ကြည့်ရှုသူအပေါင်းကို ဝမ်းနည်းမျက်ရည် ကျစေနိုင်ခဲ့ရတဲ့ ဗီဒီယိုဖိုင်လေးပါ။

အမတစ်ယောက်နေရာမှာရော သမီးတစ်ယောက်နေရာမှာပါ အပီအပြင် သရုပ်ဆောင်ပေးထားခဲ့တဲ့ ဖြူဖြူထွေးရဲ့ သရုပ်ဆောင်ကွက်တွေကို ပရိသတ်တွေလည်း သဘောကျ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ မိဘတွေကို ကျွန်တစ်ယောက်လို သဘောထား လက်ညိုးထိုးပြီး ခိုင်းစေကြတဲ့ သားသမီးတွေအတွက် ဖြူဖြူထွေးရဲ့ ပညာပေးဇာတ်လမ်းတိုလေးကို မျှဝေပေးလိုက်ကြဖို့ မမေ့ပါနဲ့ဦးနော်။ ချစ်ပရိသတ်တွေကတော့ မိဘကျေးဇူးသိတတ်တဲ့ လူလိမ္မာတွေဖြစ်မယ်လို့ ထင်ပါတယ်။

Source : momolay

Facebook Comments

admin

error: Content is protected !!