ချစ်ဇနီးလေးရဲ့ (၂၁)နှစ်ပြည့် မွေးနေ့အတွက် အသေးစိတ်ကအစ သေသေချာချာ စီစဉ်ထားခဲ့တဲ့ ရွှေထူး

ပရိသတ်တွေ ချစ်ခင်အားကျနေရတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံနှစ်ဦးက စစ်မှန်တဲ့ ချစ်ခြင်းတွေနဲ့ နားလည်မှုရှိတဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့က အခုဆိုရင် အိမ်ထောင်သက်တမ်း (၆) လကျော်ပြီဖြစ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် ချစ်စခင်စ ကြင်နာစဖြစ်တဲ့ ဇနီးမောင်နှံလေးလို ပါပဲ။ မနေ့ကတော့ ရွှေမှုံရတီရဲ့ (၂၁) နှစ်ပြည့် မွေးနေ့လေးဖြစ်ပြီး ရွှေထူးကတော့ ဇနီးလေးစိတ်ချမ်းသာအောင် Surprise တွေ လုပ်ပေးခဲ့ပါတယ်။

ရွှေထူးက ရွှေမှုံရတီအတွက် အံ့သြစရာကောင်းလောက်တဲ့ မွေးနေ့ကိတ်ကြီးတစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။ မွေးနေ့ကိတ်ကြီးက ကြီးလွန်းလို့ ဒီကနေ့ ညပိုင်းမှာ လိုက်လံပြီး လှူဒါန်းကြမှာဖြစ်တယ်လို့ ရွှေထူးက ပြောထားပါသေးတယ်။

မွေးနေ့ကိတ်ကြီးကို လှူဖို့ ပြင်ဆင်နေကြတဲ့ မြင်ကွင်း

မွေးနေ့ကိတ်ကြီးအပြင် ရွှေမှုံရတီရဲ့ ပုံတူ ခဲပန်းချီကား အကြီးကြီးကို ရွှေထူးက သေချာစီစဉ်ပြီး လက်ဆောင်ပေးခဲ့ပါသေးတယ်။ ခဲပန်းချီကတော့ ပန်းချီဆရာ အောင်နိုင်ထွန်းရဲ့ လက်ရာဖြစ်ပြီး အသေးစိတ်က အစ သေသေချာချာ လက်ရာမြောက်အောင် ဆွဲထားတာဖြစ်ပါတယ်။ ပန်းချီကားကြီးက ၄ပေ×၃ပေ အရွယ်အစားဆိုတော့ ဘယ်လောက်တောင် ကြီးမလဲ စဉ်းစာသာကြည့်ပါတော့နော်။

တကယ်အသက်ဝင်နေတဲ့ ခဲပန်းချီပါပဲ။ မျက်လုံးတစ်လုံးကအစ သေသေချာချာ ဆွဲထားတာကို တွေ့ရပါတယ်။

ရွှေမှုံလေးကတော့ သူမရဲ့မွေးနေ့မှာ အရမ်းကိုလှပတဲ့ ကိတ်မုန့်အကြီးကြီးရယ်၊ ကမ္ဘာပေါ်မှာ နှစ်ခုမရှိနိုင်တဲ့ သူမရဲ့ ပုံတူ ပန်းချီကားကြီးရလို့ တော်တော်လေး ပျော်နေမှာ အသေအချာပါပဲ။ မိန်းမအတွက် သေသေချာချာ အသေးစိတ်ကစပြီး စဉ်းစားလုပ်ပေးတာ အရမ်းကို ချစ်စရာကောင်းတာပဲနော်။ မိုမိုလေးပရိသတ်ကြီးလဲ ရွှေထူးပေးတဲ့ ရွှေမှုံရတီအတွက် လက်ဆောင်တွေကိုကြည့်ပြီး အားကျနေကြလောက်ပြီ ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

SOURCE : momolay

Facebook Comments

admin

error: Content is protected !!