သာသနာ့ဘောင်ဝင်နေတဲ့ ဖခင်ကြီးဒိန်းဒေါင်ကို သွားရောက်ကန်တော့ခဲ့တဲ့ ခြိမ့်ကေကို

Myanmar Idol မှာ သီချင်း သွားပြိုင်ပြီး မြန်မာပြည်သိန်းတန်က ငှက်ပျောသီး ကျွေးရာမှ ဘနားနားလို့ နာမည်ကြီး လူသိများလာသူလေး ခြိမ့်ကေကိုဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးမှု များစွာရရှိနေသူပါ။ သူက ခုဆိုရင် အနုပညာလောကထဲဝင်ရောက်လာပြီး သီချင်းတွေအပြင် ဇာတ်လမ်းတိုတွေကိုပါ ရိုက်ကူးထားပြီပဲ ဖြစ်ပါတယ်။ ခြိမ့်ကေကို က ကိုယ်ပိုင်သီချင်းလေးတွေဖန်တီပြီး သူတတ်သမျှပညာလေးနဲ့ ပရိသတ်တွေကို ချပြတတ်သူလေးပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ပရိသတ်တွေအတွက် သင်္ဃန်းဝတ်နေတဲ့ ကျေးဇူးရှင် ဖခင်ကြီး ဒိန်းဒေါင်ကို သွားရောက်ကန်တော့ခဲ့တဲ့ ခြိမ့်ကေကို ရဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ တကယ့်ဖခင်တစ်ယောက်လို အားကိုးအားထားရတဲ့ ဒိန်းဒေါင်ကို သွားရောက်ကန်တော့ခဲ့တဲ့ ခြိမ့်ကေကိုရဲ့ ပုံရိပ်လေးတွေကို ဆက်လက်ပြီး ကြည့်ရှုအားပေးသွားကြပါဦးနော်။

ဖခင်အရင်းတစ်ယောက်လို အားကိုးခဲ့ရတဲ့ သင်္ဃန်းဝတ်နေတဲ့ ဒိန်းဒေါင်ကို သွားရောက်ကန်တော့ခဲ့ကြောင်းကို ခြိမ့်ကေကိုက ” မိဘကျေးဇူးဆပ်ကျောင်းမှာ ဦးဇင်းဝတ်နေတဲ့ ကျေးဇူးရှင် အဖေဒိန်းကို သွားရောက်ကန်တော့ခဲ့ ” ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

ကျေးဇူးရှင်အပေါ်မှာ ကျေးဇူးသိတတ်လွန်းတဲ့ သားလိမ္မာလေး ခြိမ့်ကေကို တစ်ယောက်ကတော့ လေးစားစရာကောင်းတဲ့ စိတ်နှလုံးသားကို ပိုင်ဆိုင်ထားရှိတဲ့ သူလေးတစ်ယောက်ပါပဲနော်။

လက်ရှိမှာ ခြိမ့်ကေကိုက ကြော်ငြာတွေလည်း လက်ခံရိုက်ကူးနေပြီး သူကိုယ်တိုင်ဖန်တီးထားတဲ့ သီချင်းဖြစ်တဲ့ “မမရေ လွမ်းလို့” သီချင်းလေးကို လည်းထွက်ရှိထားပြီး “ညီမလေး” သီချင်းMV ကိုလည်း မကြာခင်ထွက်ရှိတော့မှာပဲ ဖြစ်ပါတယ်။ ကျေးဇူးရှင်အပေါ်မှာ ကျေးဇူးသိတတ်လွန်းတဲ့ ခြိမ့်ကေကိုကတော့ ဦးဇင်းဝတ်နေတဲ့ မွေးစားဖခင်ကြီး ဦးဒိန်းဒေါင်အပေါ် ဂါရဝတရား ရှေ့မှာထားပြီး ရိုသေစွာ သွားရောက်ကန်တော့ခဲ့တဲ့အတွက် မျှဝေပြီး အားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Kay Kay
Ref : Chaink K Ko’s Facebook

Facebook Comments

admin

error: Content is protected !!