ဘန်ကောက်မှာ ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု အောင်မြင်သွားခဲ့ပြီဖြစ်တဲ့ ကျော်မင်းဦး

ဒဏ်ရာကြောင့် ကစားသမားဘဝကနေ အနားယူလိုက်ပြီလို့ ပြီးခဲ့တဲ့ ဇန်နဝါရီက တရားဝင်ကြေငြာသွားခဲ့တဲ့ ကွင်းလယ်ကစားသမား ကျော်မင်းဦးဟာ မြန်မာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ရဲ့ ဖျောင်းဖျမှုကြောင့် သူ့ရဲ့ဒဏ်ရာကို ကုသပြီး ဘောလုံးပြန်လည် ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ယခုအခါမှာတော့ ကျော်မင်းဦးဟာ ဘန်ကောက်မှာဒူးဒဏ်ရာ ခွဲစိတ်ကုသမှု သွားရောက်ခံပြီး ခွဲစိတ်မှု အောင်မြင်ခဲ့ပြီ ဖြစ်ပါတယ်။

ကျော်မင်းဦးဟာ ဇေယျာနိုင်နဲ့အတူ မေလ၁၄ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ခွဲစိတ်ကုသမှု သွားရောက်ခံယူခဲ့ရာမှာ အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ ကျော်မင်းဦးဟာ ဒူးဒဏ်ရာကြောင့် ၂၀၁၆ ခုနှစ်ကတည်းက အနားယူနေခဲ့ရတာဖြစ်ပြီး ဇေယျာနိုင်ကလည်း ဖေဖော်ဝါရီလက ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ကျော်မင်းဦးနဲ့ ဇေယျာနိုင်တို့ဟာ မေလ၂၅ရက်နေ့အထိ ထိုင်းနိုင်ငံမှာပဲ ဆက်လက်ကုသမှု ခံယူရဦးမှာ ဖြစ်ပြီး အဆိုပါ ပြန်လည်ထူထောင်ရေး ပြီးဆုံးမှသာ ရန်ကုန်ကို ပြန်လည်ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မြက်ခင်းစိမ်းပေါ် ပြန်လည် အခြေချနိုင်ဖို့ကတော့ ဆရာဝန်တွေရဲ့ စစ်ဆေးချက်တွေ တရားဝင် ထုတ်ပြန်အပြီးမှ သိရှိရမှာလည်း ဖြစ်ပါတယ်။

ကျော်မင်းဦးဟာ ဘယ်ဘက်ဒူးတစ်ဖက်တည်း ခွဲစိတ်ခဲ့ရတာဖြစ်ပေမယ့်လည်း ဇေယျာနိုင်ကတော့ နှစ်ဖက်စလုံး ခွဲစိတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ အနည်းဆုံးတော့ ခြောက်လခန့် သေချာပေါက် အနားယူသွားရမယ်လို့ ခန့်မှန့်ထားပြီး လာမယ့်၂၀၂၀ ခုနှစ် လောက်မှသာ အပေါ့စား လေ့ကျင့်ခန်းများ ပြန်လည်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ကျော်မင်းဦးဟာ ၂၀၁၅ ခုနှစ်မှာ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းကို သမိုင်းဝင်အောင်ပွဲအဖြစ် ကမ္ဘာ့ဖလား ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ကွင်းလယ်အထိုင် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ကျော်မင်းဦး ဒဏ်ရာပြန်လည်သက်သာလာတဲ့ သတင်းဟာ မြန်မာ့ဘောလုံးလောကအတွက်တော့ အင်မတန် ဝမ်းမြောက်စရာ ကောင်းလှပြီး သူ့အနေနဲ့ မြက်ခင်းစိမ်းတွေပေါ် အမြန်ဆုံး ပြန်လည်ခြေချနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Source : momolay

Facebook Comments

admin

error: Content is protected !!