ငွေကြေးမတတ်နိုင်သော (၅) ဘာသာဂုဏ်ထူးရှင်လေးကို ဆေးကျောင်းထားပေးတဲ့အပြင် အိမ်ပါပြန်ပြင်ဆောက်ပေးခဲ့သူ
Unicode
ဒီကလေးမပို့စ်ကို ဘယ် Pageကများ ဖွလိုက်တယ်မသိ မနှစ်က ကျနော်တို့အကူညီတောင်းထားတဲ့ပို့စ်ပါ ကလေးက အလှူရှင်ပေါ်လို့ ကျောင်းတက်နေတာ ပထမနှစ်မကွေးဆေး Second Sem တောင်ရောက်နေပါပြီ အလှူရှင်များက မန္တလေး TTH Group မှ လစဉ်တစ်သိန်း Teresa Ohn မှ တစ်လ ၅သောင်းကျပ် စုစုပေါင်း တစ်လ တစ်သိန်းခွဲကျပ်ဖြင့်တက်နေပါပြီ။
ဒါ့အပြင် ကလေး အိမ်ကိုအသစ်တဖန်ပြင်ပြီးတဲ့အပြင် ရေမီးအစုံတပ်ဆင်ပြီးပါပြီ။ မိဘတွေတင်ရှိခဲ့သောကြွေးမြီများလည်းအကျေအပြေဆပ်ပြီးပါပြီ။ မိဘတွေအတွက် သိန်း၅၀ လှူဒါန်းတဲ့အပြင်ကလေးအတွက် သိန်း၅၀ဘဏ်မှာထားရှိပါတယ်။၎င်းအလှူရှင်များကတော့ ဦးအောင်မိုး ဒေါ်သက်သက် ရန်ကုန်မှ သိန်းတစ်ရာလှူဒါန်းခြင်းဖြစ်ပါတယ်။ကလေးအတွက်စိတ်ပူပေးကြတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ
အချို့သောPageတွေအနေဖြင့် သတိထားပြီးတင်သင့်ပါတယ်။ကလေးအမှတ်စာရင်း ကိုသေချာကြည့်ရင်သိနိုင်ပါတယ်။၂၀၁၈ခုနှစ်ပါ။မနေ့တနေ့ကအောင်စာရင်းထွက်ခဲ့တာ … ထွက်တဲ့နေ့ပဲကလေးပို့တက်လာတာ စိတ်မကောင်းစရာပါမီဒီယာ
သမားတို့ရာ အောင်စာရင်းထွက်တဲ့နေ့ ဘယ်လိုလုပ် အမှတ်စာရင်း စာရွက်ရမလဲဗျာ မောလိုက်တာ ဗျာ
ဦးဝင်းမြိုင်သန်း-မူရင်းပို့စ်တင်ခဲ့သူ(09798508710 ဗိမာန်ရှင် အဝေးရောက်အမှုဆောင်)
Credit-Hpone Myint
Facebook Comments
admin
error: Content is protected !!