ပန္းစိုက္ပ်ိဳးေရးလုပ္ငန္းအတြက္ ႏိုင္ငံျခားက စိုက္ခင္းေတြထဲအထိ သြားေရာက္ေလ့လာေနၾကတဲ့ လြင္မိုးတို႔ဇနီးေမာင္ႏွံ

ျပည္သူခ်စ္ သ႐ုပ္ေဆာင္ မင္းသားႀကီး လြင္မိုးကေတာ့ သ႐ုပ္ေဆာင္ပိုင္းမွာ သူမတူေအာင္ထူးခြၽန္လြန္းတာေၾကာင့္ အကယ္ဒမီဆုေတြကို သိမ္းပိုက္ရရွိထားတာပဲ ျဖစ္ပါတယ္။ အႏုပညာအလုပ္ေတြကို ရပ္နားထားၿပီး ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းကိုသာ တစိုက္မတ္မတ္ လုပ္ကိုင္ေနတဲ့ လြင္မိုးက အခုဆိုရင္ ေျမးေလးတစ္ေယာက္ေတာင္ ပိုင္ဆိုင္ထားရၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ လြင္မိုးက သူခ်စ္ရတဲ့မိသားစုေလးနဲ႔အတူ ေအးေအးခ်မ္းခ်မ္း ေနထိုင္ေနတာပဲ ျဖစ္ပါတယ္။

အခုလက္ရွိမွာေတာ့ လြင္မိုးနဲ႔ ခ်စ္ဇနီးေခ်ာေလး ေမသူတို႔က နယ္သာလန္ႏိုင္ငံကို ေရာက္ရွိေနၾကတာ ေတြ႕ရပါတယ္။ “The Florist by yun ” ဆိုတဲ့ ပန္းစိုက္ပ်ိဳးေရး Company ကို တည္ေထာင္ထားတဲ့ လြင္မိုးက Lily ပန္းဥေတြကို ျမန္မာႏိုင္ငံကို တင္သြင္းျဖန႔္ခ်ိဖို႔အတြက္ ကိုယ္တိုင္ကိုယ္က် သြားေရာက္ေလ့လာခဲ့တာပဲ ျဖစ္ပါတယ္။ လြင္မိုးတို႔ဇနီးေမာင္ႏွံက ႏိုင္ငံျခားမွာရွိတဲ့ ပန္းစိုက္ခင္းေတြအထိ စနစ္တက် သြားေရာက္ေလ့လာၿပီး ႏိုင္ငံျခားသားေတြနဲ႔ ရင္ေဘာင္တန္းကာ ေျပာဆိုဆက္ဆံေနတာကလည္း တကယ့္ကို ခ်ီးက်ဴးစရာေကာင္းေနတာ ျဖစ္ပါတယ္။

လြင္မိုးကေတာ့ “van der Bos..ကုပၸဏီမွထုတ္လုပ္ေသာ..lily..Rose lily..calla lily..ပန္းဥမ်ားကို ျမန္မာနိင္ငံရဲ႕ တဦးတည္းကိုယ္စားလွယ္အျဖစ္..florist by yun ကုပၸဏီက ျမန္မာနိင္ငံအတြင္း ျဖန႔္ခ်ီပါေတာ့မည္ ” ဆိုၿပီး ေျပာျပထားသလို ဇနီးေမသူကလည္း ပန္းစိုက္ခင္းထဲကို စနစ္တက်ဝင္ေရာက္ခဲ့ရတဲ့ ပုံရိပ္ေလးေတြကို ဗဟုသုတအေနနဲ႔ မွ်ေဝေပးထားပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းအတြက္ ႏိုင္ငံျခားကို ေရာက္ရွိေနတဲ့ လြင္မိုးတို႔ဇနီးေမာင္ႏွံရဲ႕ပုံရိပ္ေလးေတြကို တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

unicode

ပြည်သူချစ် သရုပ်ဆောင် မင်းသားကြီး လွင်မိုးကတော့ သရုပ်ဆောင်ပိုင်းမှာ သူမတူအောင်ထူးချွန်လွန်းတာကြောင့် အကယ်ဒမီဆုတွေကို သိမ်းပိုက်ရရှိထားတာပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ရပ်နားထားပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုသာ တစိုက်မတ်မတ် လုပ်ကိုင်နေတဲ့ လွင်မိုးက အခုဆိုရင် မြေးလေးတစ်ယောက်တောင် ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ်။ ဒါကြောင့် လွင်မိုးက သူချစ်ရတဲ့မိသားစုလေးနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်နေတာပဲ ဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ လွင်မိုးနဲ့ ချစ်ဇနီးချောလေး မေသူတို့က နယ်သာလန်နိုင်ငံကို ရောက်ရှိနေကြတာ တွေ့ရပါတယ်။ “The Florist by yun ” ဆိုတဲ့ ပန်းစိုက်ပျိုးရေး Company ကို တည်ထောင်ထားတဲ့ လွင်မိုးက Lily ပန်းဥတွေကို မြန်မာနိုင်ငံကို တင်သွင်းဖြန့်ချိဖို့အတွက် ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာခဲ့တာပဲ ဖြစ်ပါတယ်။ လွင်မိုးတို့ဇနီးမောင်နှံက နိုင်ငံခြားမှာရှိတဲ့ ပန်းစိုက်ခင်းတွေအထိ စနစ်တကျ သွားရောက်လေ့လာပြီး နိုင်ငံခြားသားတွေနဲ့ ရင်ဘောင်တန်းကာ ပြောဆိုဆက်ဆံနေတာကလည်း တကယ့်ကို ချီးကျူးစရာကောင်းနေတာ ဖြစ်ပါတယ်။

လွင်မိုးကတော့ “van der Bos..ကုပ္ပဏီမှထုတ်လုပ်သော..lily..Rose lily..calla lily..ပန်းဥများကို မြန်မာနိင်ငံရဲ့ တဦးတည်းကိုယ်စားလှယ်အဖြစ်..florist by yun ကုပ္ပဏီက မြန်မာနိင်ငံအတွင်း ဖြန့်ချီပါတော့မည် ” ဆိုပြီး ပြောပြထားသလို ဇနီးမေသူကလည်း ပန်းစိုက်ခင်းထဲကို စနစ်တကျဝင်ရောက်ခဲ့ရတဲ့ ပုံရိပ်လေးတွေကို ဗဟုသုတအနေနဲ့ မျှဝေပေးထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအတွက် နိုင်ငံခြားကို ရောက်ရှိနေတဲ့ လွင်မိုးတို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Lwin Moe & May Thu

Facebook Comments

admin

error: Content is protected !!